Healthy Life Ad
Q & A

ရွေးကောက်ပွဲကြောင့် စိတ်ပူပြီး စိုးရိမ်စိတ် များနေတယ် . .

မေး. အခုတလော ရွေးကောက်ပွဲလည်း ရှိတော့ စိတ်ပူနေပါတယ်။ အရွယ်ရောက် သားတွေလည်း ရှိတဲ့အတွက် စိုးရိမ်စိတ်က အလိုလို ဝင်နေပါတယ်။ ရင်တုန်တာကလည်း ခဏခဏဖြစ်လို့ သက်သာအောင် ဘာလုပ်သင့်ပါသလဲ ဆရာ။
ဒေါ်ခင်မေ၊ ကျောက်တံတား။

ပါမောက္ခဦးကိုကို
ဆီးချိုနှင့် အထွေထွေရောဂါအထူးကု
ဆရာဝန်ကြီးမှဖြေကြားသည်

ဖြေ. စိတ်ပူတာ ၊ စိုးရိမ်စိတ်များတာကို Anxiety လို့ ခေါ်ပါတယ်။ ဒါကို စိုးရိမ်စိတ်နဲ့ ပူပင်သောက လျော့ကျ
အောင် စိတ်ကို ဖြေလျှော့တတ်ဖို့ လိုပါတယ်။ တရား ထိုင်တာ၊ ပုတီးစိပ်တာ၊ အသက် ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာ စတဲ့ နည်းတွေနဲ့ စိုးရိမ်စိတ် လျော့ကျ အောင် လုပ်ရပါမယ်။ ရင်တုန်တာကလည်း စိုးရိမ် စိတ်များလို့ ဖြစ်တာလို့ပဲ ထင်ပါတယ်။ တကယ်လို့ စိုးရိမ်စိတ်ကို ဖြေလို့မရဘူးဆိုရင် Propanolol 10mg ကို မနက်တစ်လုံး၊ ညတစ်လုံး သောက်ပါ၊ Alprazolam 0.25mg ကို ညအိပ်ခါနီးတိုင်း တစ်လုံးသောက်ပေး သင့်ပါတယ်။ ဒါကတော့ ခဏပဲ သောက်သင့်တာပါ။ ဒါတွေသောက်လို့မှ မသက်သာရင် စိတ်ကျရောဂါ ကုသဆေး (Antidepressant Drug) ကို မှီဝဲဖို့ လိုပါတယ်။ ဒီအခြေအနေ ဆိုရင်တော့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးနဲ့ ပြသဖို့ အကြံပြု
လိုပါတယ်။

Most Popular

Healthy Life Ad
To Top