Healthy Life Ad
International

အမျိုးသားအဖြစ် လိင်ပြောင်းလဲသူ နှင့် ချစ်သူအမျိုးသားတို့၏ သမီးလေး နှစ်နှစ်အရွယ်ပင် ရှိခဲ့ပြီ

မိုးမင်းထွန်း
ကေဒန်ကိုးမင်းဆိုတဲ့ အမျိုးသမီးဟာ အမျိုးသမီးမှအမျိုးသားသို့ လိင်ပြောင်းလဲမှု ပြုလုပ်နေတာ ၁၀ နှစ်နီးပါး ရှိခဲ့ပါပြီ။ လိင်ပြောင်းနေစဉ်အတွင်း သူ့မှာ ကိုယ်ဝန် ၁၂ ပတ်ရှိနေကြောင်း သိရလို့ အံ့သြတကြီးဖြစ်ခဲ့ပါတယ်။ ကေဒန်ဟာ တစ်ရက်မှာ နောက်ကျောနာကျင်တာကြောင့် အမျိုးသား ချစ်သူအယ်လီဂျာကို နှိပ်နယ်ခိုင်းခဲ့ပါ တယ်။
သူရဲ့ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံးရှိနေသလိ ခံစားရတယ်လို့ ကေဒန်ကဆိုပါတယ်။ ကေဒန်က ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်ကြည့်ဖို့ စနောက်ခဲ့ပါတယ်။ တကယ်စမ်းသပ်ကြည့်တဲ့အခါမှာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကေဒန်ဟာ သူရဲ့သားမြတ်ကို ဖြတ်ထုတ်ဖို့ ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။ ဆရာဝန်က သူ့ကို မ, ဟော်မုန်းမထွက်အောင် ပြုလုပ်ထားပြီး ခွဲစိတ်မှု မပြုလုပ်ခင် အနားပေးထားချိန်လည်း ဖြစ်ပါတယ်။ သူနဲ့အယ်လီဂျာတို့ဟာ ကလေးမွေးဖွားဖို့ စတင်ပြင်ဆင်ခဲ့ရပါတယ်။ကေဒန်ကို အမျိုးသားတစ် ယောက် အဖြစ်သာ သိထားခဲ့တဲ့ အယ်လီဂျာရဲ့ မိဘတွေကိုလည်း ကေဒန်ရဲ့ ဘဝအမှန်ကို ရှင်းပြခဲ့ရပါတယ်။ မကြာခင်မှာပဲ ကဒန်ဟာ သမီးလေး အဇေလီ ယာကို မွးဖွားခဲ့ပါတယ်။
“ ပထမဆုံး ကလေးကို ပွေ့ချီလိုက်ရတဲ့ အချိန်မှာ ထူးထူးခြားခြား မခံစားခဲ့ရပါဘူး။ ဒါပေမဲ့ အဖြစ်အပျက်တွေဟာ ပြောင်းလဲလို့မရတော့ပါဘူး။ ကလေး ရဲ့ မျက်နှာလေးကို ကြည့်ရင်း နောက်ဆုံးမှာ ပျော်ရွှင်ခဲ့ရပါတယ် ”ဟု ကေဒန်က ပြောပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ ကေဒန်ရဲ့ ဘဝဟာ ခက်ခဲခဲ့ပါတယ်။ မွေးဖွားပြီးချိန် စိတ်ကျဝေဒနာကို ခံစားခဲ့ရသလို အယ်လီဂျာ့မိဘ တွေကလည်း အမြင်မကြည်ခဲ့လို့ပါ။ ဒါပေမဲ့ အခုအခါမှာ နှစ်နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ သူတို့ရဲ့ သမီးလေး ကို ပြုစုပျိုးထောင်ရင်း သူတို့မိသားစုဟာ များစွာသာယာလာပါတယ်။သူတို့မိသားစုဘဝဇာတ်ကြောင်းကို You Tube မှာလည်း တင်ထား ပါတယ်။
“ ကျွန်တော်တို့ဟာ တခြားမိသားစုတွေလိုပဲ သားသမီးကို နွေးထွေးချစ်ခင်မှု ပေးစွမ်းနိုင်ပါတယ်။ အခုခေတ်မှာ မိဘတစ်ယောက်သာရှိတဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် လိင် ပြောင်းထားတဲ့မိဘနဲ့ပတ်သက်ပြီး ကလေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာရှိမှာ မဟုတ်ဘူးပြောလို့လည်း သူတို့က ပြောပါတယ်။
Ref: DM

Most Popular

Healthy Life Ad
To Top