Healthy Life Ad
Q & A

ခြေထောက်နဲ့ ပေါင်ထုံကျဉ်တဲ့ ပြဿနာ အဖြေရှာ

မေး. ဆေးလည်း စစ်ပြီးပါပြီ။ ဘာရောဂါမှ မတွေ့ပါဘူး။ ခြေထောက်နဲ့ ပေါင်တွေက ထုံကျဉ်နေပါတယ်။ ညနေဘက်ဆို ပိုဆိုးပါတယ်။ ဘာဖြစ်လို့ပါလဲ ဆရာ၊ ဘာလုပ်သင့်ပါသလဲ။
ဒေါ်ဝင်းကြိုင်၊ ကျောက်ပန်းတောင်း။

ပါမောက္ခဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးမှဖြေကြားသည်

ဖြေ. မြန်မာနိုင်ငံမှာ အဖြစ်များတာက ဆီးချိုသွေးချို ရောဂါကြောင့် ခြေထောက်နဲ့ ပေါင်တွေ ထုံကျဉ်တာ အဖြစ် များပါတယ်။ ဆီးချိုသွေးချိုရောဂါကို မစစ်ရသေးဘူး ဆိုရင် စစ်ပါ။

နံပါတ် (၂) အနေနဲ့ အဖြစ်များတာက ထုံကျဉ်တဲ့ ဝေဒနာက အရက်သောက်တဲ့ သူတွေမှာ အဖြစ်များတာပါ။

နံပါတ် (၃) အနေနဲ့ ကျောက်ကပ်ထိတဲ့ သူတွေမှာ ထုံကျဉ်တဲ့ဝေဒနာ အဖြစ်များပါတယ်။ ကျောက်ကပ်ကို စစ်ကြည့်ဖို့ လိုပါတယ်။

မေးခွန်းထဲမှာ ဆေးစစ်ပြီးပြီ၊ ဘာရောဂါမှ မတွေ့ဘူးလို့ ဆိုထားတာကြောင့် မေးစရာရှိတာက အစာကို ရှောင်သလား ဆိုတာပဲ ဖြစ်ပါတယ် ။ အစာရှောင်တဲ့သူတွေမှာ ဗီတာမင် B1 ချို့တဲ့တာကြောင့် ထုံကျဉ်တဲ့ဝေဒနာ ရတတ်ပါတယ်။ ဒီလိုကြောင့်ဆိုရင် ဗီတာမင် B1၊ B6၊ B12 ပါတဲ့ အားဆေးကို နံနက်တစ်လုံး၊ ညတစ်လုံး တစ်ပတ်လောက် သောက်ကြည့်စေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top