Healthy Life Ad
Child

ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခံရခြင်း (Child Abuse)

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတာ ကလေးတစ်ယောက်ကို ရုပ်ပိုင်း၊ လိင်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင်နဲ့ အနာတရဖြစ်အောင် လုပ်ဆောင်တာမျိုးကို ဆိုလိုပါတယ်။ ကလးတစ်ယောက်ရဲ့ လိုအပ်ချက်ကို လျစ်လျူရှုထားတာ၊ ကလေးကို ပစ်ပယ်ထားတာ၊ ကလေးကိုညံ့ဖျင်းတယ်ဆိုပြီး သေးသိမ်ခံစား ရစေတာစတဲ့ အချက် တွကလည်း ညှဉ်းပန်းနှိပ်စက်တာပါပဲ။ အဲဒီလို ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကလေးတစ် ယောက်က စိတ်ဓာတ်ကျလာပါတယ်။ သူ့ကိုယ်သူလူ့အသိုင်းအဝန်းမှာ တန်ဖိုးမရှိဘူးလို့ထင်ပြီး ကိုယ့်ကိုယ်ကိ်ု သတ်သေချင်တဲ့ အတွေးတွေ၊ အကြမ်းဖက်ရန်လိုတဲ့ အ တွေးတွေဝင်လာတတ်ပါတယ်။ အရွယ်နည်းနည်း ရာက်လာတဲ့အခါ အဲဒီကလေးဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေကိုတောင် စွဲလန်းလာပြီး အိမ်ကထွက်ပြေးဖို့၊ တခြားသူတွေ ကိုယ့်လိုလိုက် လုပ်အောင်ဆွဲဆောင်ဖို့ ကြိုးပမ်းလာတတ်ပါတယ်။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အရာများ
ကလေးသူ ငယ်ညှဉ်းပန်းနှိပ်စက်ခံရတာက အတွ့ရများပါတယ်။ ခန့်မှန်းခြေအားဖြင့် ပြောရရင် ကမ္ဘာပေါ်မှာ နှစ်စဉ်ကလေးသူငယ် ၅ ဒသမ ၅သန်း နီးပါးဟာ ညှဉ်းပန်းနှိပ်စက်ခံနေရပြီး လျစ်လျူရှူခံ နရတယ်လို့ သိရပါ တယ်။ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရတာအများစုက မိသားစုအတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ လက္ခဏာတွေအနေနဲ့ လူကြီးမိဘတွေ စိတ်ဓာတ်ကျရောဂါရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာရှိတာ၊ မိဘတွေ အဆင်မပြေဘဲ ရန်ဖြစ်ကာ ကွာရှင်းပြတ်စဲတာ၊ မိသားစုအိုးအိမ် အကြမ်းဖက်ခံ ရတာ . . စတာတွေကို တွေ့ရတတ်ပါတယ်။
ကလေးကို အလွန်အမင်း နောက်ပြောင်တာ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ အပြုအမူတွေ လုပ်တာ၊ ကလေးကို တခြားသူတစ်ဦးဦးက လိင်အင်္ဂါ အတင်းအကျပ် ကိုင်ခိုင်းတာ၊ ကလေးရဲ့ လိုအပ်ချက် (အစားအစာ၊ အဝတ် အစား၊ ရေ စသည်)ကို လျစ် လျူရှုတာ၊ ကလေးကို အလုပ်သမားတစ်ဦးလို ကြမ်း ကြမ်းတမ်းတမ်း ခိုင်းစေတာ၊ ကလေးကို အလွန်အ မင်း ရိုက်နှက်ကန်ကျောက်တာ၊ ခန္ဓာကိုယ်ကို လှုပ် ရမ်းတာ၊ မီးရှို့တာ စတဲ့ အပြုအမူတွေဟာ ကလေး သူငယ်ကို ညှဉ်းပန်းနှိပ်စက်တဲ့ အပြုအမူပဲ ဖစ်ကြ ပါတယ်။
ကလေးကို ချစ်ခြင်းမေတ္တာမပေးတာ၊ သက် သာင့်သက်သာ မရှိစေတာ၊ ကျန်းမာရေး စာင့် ရှာက်မှု မပေးဘဲ နမကောင်းလည်း ပစ်ထားတာ၊ ကလေး ပာစကားနဲ့ စိတ်ခံစားချက်ကို လျှစ်လျူရှု ထားတာ  စတာတွေကလည်း ကလေးကို စိတ်ပိုင်း ဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်နေတာပဲ ဖြစ်ပါတယ်။
ကလေးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
ကလေးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး။ အဲဒီလို ကလေးတွေက တခြားသူကို မပြောရဲဘဲ ကြာက်ရွံ့နေသလို တခြားသူတွေက သူတို့ကို ညှဉ်းပန်းနှိပ်စက်ပါတယ်လို့ ပြောလိုက် ရင် အပြစ်တင်ခံရမှာ၊ မယုံကြည်မှာကိုလည်း စိုးထိတ်နေတတ်ကြပါတယ်။ တစ်ခါတလေ အံ့သြစရာကောင်း တာက သူတို့ကို ညှဉ်းပန်းနှိပ်စက်တဲ့သူတွေက သူတို့ အလွန်ချစ်ခင်ကြောက်ရွံ့တဲ့ သူတွေဖြစ်နေလို့ ငြိမ်နေကြ တာပါ။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
ကလေးတွေမှာ ထိခိုက်ဒဏ်ရာတစ်ခုခု(ပေါက်ပြဲဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ အရိုးအက်ကွဲတာ၊ ဝမ်းဗိုက်နာကျင် တာ၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရတာ) စတာတွေ တွေ့ရတတ်ပါတယ်။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရသော စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
ကလေးဟာ ညဘက် အိပ်မက်ဆိုးမက်တာ၊ စိတ်ဓာတ်ကျတာ၊ ထုံးစံမဟုတ်ဘဲ ကြာက်ရွံ့ထိတ်လန့်တာ၊ ဗိုက်အောင့်တာ၊ အရင်က မလုပ်တော့ဘဲ အခုကျမှ အိပ်ရာထဲသေးပေါက်ချတာ၊ ထွက်ပြေးဖို့ ကြိုးစားတာ၊ အကြောင်းရင်းမရှိဘဲ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ကျောင်းတက်ရမှာ ကြောက်တာ၊ ကိုယ်အလေးချိန်က တက်သင့်သလောက် တက်မလာတာ၊ အစာစားချင်စိတ်များပြီး တခြားသူရဲ့ အစာတွေကို ခိုးစားတာ၊ ကျောင်း လစ်တာ စတာတွေ ခံစားရတတ်ပါတယ်။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရသော လိင်ပိုင်းဆိုင်ရာ လက္ခဏာများ
ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာ နာကျင်တာ၊ လိင်အင်္ဂါကနေ သွေးထွက်တာနဲ့ တခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါလက္ခဏာတွေ ခံစားရတာတို့ ဖြစ်တတ်ပါတယ်။
ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခံရရင် ရေရှည်မှာ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ
ကလေးသူငယ်တွေ ညှဉ်းပန်းနှိပ်စက်ခံရရင်၊ လျစ်လျူရှုခံရရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် စိတ်ခံစားမှု ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပိုခံစားရတတ်ပါတယ်။ အဲဒီအခါ စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် လူရာမဝင်ဘူး ထင်တာ၊ သတ်သေတာ၊ အကြမ်းဖက်တာ စတာတွေ လုပ်လာတတ်ပါတယ်။ အရွယ်ရောက်လာ ရင် မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သောက်တာ၊ ထွက်ပြေးဖို့ ကြိုးစားတာ၊ စည်းကမ်းတွေကို ချိုးဖောက်တာ စတာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးတစ်ယောက် ခံစားရတဲ့ ညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်ခြင်းအပေါ် မူတည်ပြီး ဖစ် တတ်တဲ့ နာက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ဝဒနာ လက္ခဏာတွေက ကွဲပြားမှု ရှိတတ်ပါတယ်။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့သိရင် သင်ဘာလုပ်နိုင်သလဲ
သင့်အနီးအနား၊ သင့်ပတ်ဝန်းကျင်က ကလေးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ထင်ရင်  ကလေးအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။ ရုပ် ပိုင်းဆိုင်ရာမှာတွေ့ရတဲ့ လက္ခဏာတွေအတွက် သက်ဆိုင်ရာ ဆရာဝန်တွေထံ အမြန်ဆုံးခေါ်ယူပြီး ဆေး ကုသမှုပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် အားပေးထောက်ပံ့မှုတွေလုပ်ရင်း ကလေးကို နွေးနွေးထွေး ထွေး ဆက်ဆံတာ၊ ပွေ့ဖက်နှစ်သိမ့်ပေးတာ၊ အားပေးတာစတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ကလေးသူငယ်အားလုံး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဘေးအန္တရာယ်ကင်းဝေးကြပါစေ။
(Ref; (1wiki (2)healthychildren)

Most Popular

Healthy Life Ad
To Top