Healthy Life Ad
Health Tips

ကျောက်ကပ် ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ

၊ ဦးမိုး ၊

“ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်း၏” ဆိုတဲ့ စကားအတိုင်း လိုက်နာနိုင်ဖို့ ကျောက်ကပ် ကျန်းမာရေးအတွက် နည်းလမ်း ကောင်းတွေကို မျှဝေလိုက်ရပါတယ်။

(၁) ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်မှုကို လျှော့ချပါ
အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ လျော့ကျစေဖို့ အစားအသောက်တွေကို ဂရုစိုက်ရပါမယ်။ ကျောက်ကပ်ဟာ ဆီးသွားတဲ့ နည်းနဲ့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်လေ့ ရှိပါတယ်။ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ များ
လေလေ၊ ကျောက်ကပ်က ပိုအလုပ် လုပ်ရလေလေ ဖြစ်တဲ့အတွက် ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်မှု များစေတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။

(၂) အရည်များများ သောက်ပါ
တစ်နေ့ ရေ ရှစ်ဖန်ခွက် သောက်ဖို့ အရေးမကြီးဘူးလို့ ထင်နေပါသလား။ ရေဓာတ် ခမ်းခြောက်ရင် ဆီးလမ်းကြောင်းရဲ့ အဆိပ်အတောက်
တွေကို စစ်ထုတ်နိုင်စွမ်းအား လျော့ကျသွားပါတယ်။ ဒါကြောင့် ရေအလုံအလောက် သောက်သုံးသင့်ပါတယ်။

(၃) ကျောက်ကပ် သန့်စင်စေသည့် အစာများ စားပါ
ကျောက်ကပ်ကို ခန္ဓာကိုယ်မှ အက်စစ်အပိုတွေ စွန့်ထုတ်နိုင်ဖို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက ကူညီနေပါတယ်။ အင်တီ-
အောက်ဆီးဒင့် ပါဝင်တဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ကြက်ဥအကာမှာ ပရိုတင်းဓာတ် ပါဝင်တဲ့အပြင် မရှိမဖြစ် အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် ကြက်ဥအနှစ် ဒါမှမဟုတ် အသားလို တခြားပရိုတင်း အရင်းအမြစ်တွေထက် ဖော့စ်ဖရပ်စ် ပါဝင်မှု နည်းပါတယ်။

ဂေါ်ဖီထုပ်မှာ ဗီတာမင်ကေ၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ် ပါဝင်မှုများတဲ့အပြင် ဗီတာမင် B6နဲ့ ဖောလစ်-
အက်ဆစ်လည်း ပါဝင်နေပါတယ်။ ပိုတက်စီယမ် ပါဝင်မှု နည်းတဲ့အတွက် ကျောက်ကပ်အတွက် သင့်တော်တဲ့ အစာပါ။

ငရုတ်ပွသီးအနီမှာ ပိုတက်ဆီယမ် ပါဝင်မှု နည်းပါတယ်။ လိုင်ကိုပင်း၊ ဗီတာမင်စီနဲ့ ဗီတာမင်အေအပြင် ဗီတာမင် B6၊ ဖောလစ်- အက်ဆစ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်မှုများတာကြောင့် ကျောက်ကပ်အတွက် သင့်တော်တဲ့ အာဟာရပါ။

စပျစ်သီးဟာ ဆီးလမ်းကြောင်း စနစ်ထဲက ယူရစ်အက်စစ်အပိုတွေကို ဖယ်ထုတ်နိုင်တဲ့အတွက် ကျောက်ကပ် အဆိပ်အတောက် ပြေစေတဲ့ အစာပါ။

ခရမ်ဘယ်ရီသီးမှာ မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးနဲ့ ပရိုအန်သို ဆိုင်ယာနီဒင်လို့ ခေါ်တဲ့ အင်တီအောက်-
ဆီးဒင့် တစ်မျိုး ပါဝင်ပါတယ်။ ဒါ့အပြင် ကွီနင်းဓာတ်လည်း များများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်နိုင်စွမ်း ရှိပါတယ်။

(၄) မဂ္ဂနီဆီယမ် မှီဝဲပါ
မဂ္ဂနီဆီယမ် ချို့တဲ့တဲ့အခါ သွေးတိုးပြီး အဆိပ်အတောက်တွေ ပိုနေတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို အကြီးအကျယ် ထိခိုက် စေနိုင်ပါတယ်။ ခန္ဓာကိုယ်က မဂ္ဂနီဆီယမ် အလုံအလောက်ရှိမှသာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း
လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျောက်ကပ် ကျန်းမာဖို့အတွက် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ အခွံမာသီး
တွေနဲ့ ကောက်နှံ တစ်ခုလုံစာတွေကို စားသင့်ပါတယ်။

(၅) ဆိုဒီယမ်၊ ဆားနှင့် ပရိုတင်းကို လျှော့ချပါ
ခန္ဓာကိုယ်က ပရိုတင်းအပို၊ ဆားအပိုနဲ့ ရေအပို စတာတွေကို စွန့်ထုတ်နိုင်ဖို့ စွမ်းအင်အများအပြား အသုံးပြုရပါတယ်။ အထူးသဖြင့်
ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ ရေစစ်သဖွယ် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှား ပေးရတာကြောင့် အလုပ်ပိုလုပ် ရပါတော့တယ်။ ဆိုဒီယမ်
က ကိုယ်တွင်း အရည်မျှခြေကို ထိန်းပေးပေမယ့် များများ စားသောက်ရင် သွေးတိုးတာ၊ နှလုံးရောဂါထတာ (Heart Attack)နဲ့
လေဖြတ်တာ တို့ကို ဖြစ်စေနိုင်ပါတယ်။ ပရိုတင်းအပိုတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက် တတ်ပါတယ်။ ရေကို မလိုအပ်ဘဲ အလွန်အမင်း သောက်ရင်လည်း ကျောက်ကပ်အပေါ် ဖိအားအပို သက်ရောက်ရာက
ကျောက်ကပ်ထိခိုက်မှု ဖြစ်တတ်ပါတယ်။

(၆) ကယ်လ်စီယမ်ကို အလွန်အကျွံ မမှီဝဲပါနှင့်
ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် အလုံအလောက် ရောက်ရှိဖို့ ပါဝင်လုပ်ဆောင် ပေးပါတယ်။ ကယ်လ်စီယမ် ပါဝင်တဲ့
နွားနို့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ် စတဲ့အစာတွေကို စားပါ။ ကယ်လ်စီယမ် အားဖြည့်ဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း မှီဝဲပါ။ ကိုယ့်သဘောနဲ့ကိုယ် လိုတာထက် ပိုပြီး မသောက်ပါနဲ့။

(Ref;HD)

Most Popular

Healthy Life Ad
To Top