Healthy Life Ad
Health Tips

လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းများ

ငွေကြယ်စင်ယံ

ကားပါကင်ထိုးတဲ့ နေရာကစပြီး အလုပ်လုပ်တဲ့ နေ့ရက်တွေမှာ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေကို စတင် ပြုလုပ်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း အချိန်သီးသန့်ပေးစရာ မလိုဘဲ လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ခြေသလုံးမြှင့်တင်ခြင်း

မိတ္တူကူးစက်၊ ပရင်တာ စတာတွေမှာ စာရွက်ထွက်လာတာကို စောင့်ဆိုင်းနေစဉ် လုပ်သင့်တဲ့နည်းပါ။ မတ်တပ်ရပ်နေစဉ် မြေပြင်ကြမ်းပြင်ကနေ ခြေသလုံးကို အနည်းငယ် မြှင့်လိုက်၊ ပြန်ချလိုက် ထပ်ခါထပ်ခါ လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၂) ညှစ်ဘောလုံး ညှစ်ခြင်း

လက်သီးဆုပ်အရွယ်ပုံစံ ညှစ်ဘောလုံးလေးကို အားတိုင်း ညှစ်ပေးဖို့ပါ။ ဒါက လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုကို ပြေလျော့သက်သာစေသလို သင့်လက်ကို သန်စွမ်းတောင့်တင်းကျန်းမာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ထပ်ခါ ထပ်ခါ လုပ်ပေးလိုက်ရင် လက်မောင်း သန်စွမ်းကျန်းမာစေပါတယ်။ အထူးသဖြင့် ကွန်ပျူတာ စာစီစာရိုက်လုပ်ရသူတွေအတွက် သင့်တော်တဲ့ နည်းပါ။ လက်ကြွက်သားတွေ သန်စွမ်းပျော့ပျောင်းတာဟာ လက်ကောက်ဝတ်နဲ့ လက်ဝေဒနာတွေ မရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်ကို မြှင့်လိုက်၊ နှိမ့်လိုက်လုပ်ခြင်း

အလုပ်ထိုင်ခုံမှာ ထိုင်ရင်း လက်နှစ်ဖက်ကိုထိုင် ခုံလက်တန်းပေါ်တင်ကာ ခန္ဓာကိုယ်ကို မြှင့်လိုက်၊ နှိမ့်လိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) လှေကားဖြင့် တက်ခြင်း

အပေါ်ထပ်သွားတဲ့အခါ ဓာတ်လှေကားအစား ရိုးရိုးလှေကားနဲ့ အပေါ်ကို တက်ပေးပါ။

(၅) ခြေထောက်မြှင့်ခြင်း

ခြေထောက်က မြေပြင်နဲ့ အပြိုင်ချထားရင်း ခြေထောက်တစ်ဖက် ကို မြှင့်ကာ စက္ကန့် အနည်းငယ် ကြာ ထားပါ။ ပြီးမှ ပြန်နှိမ့်ချရမှာပါ။ ၁၀-၁၅ ကြိမ် လောက်ထားပြီး တခြားခြေထောက်တစ် ဖက်ကို ပြောင်းလုပ်ပါ။

(၆) လမ်းလျှောက်ခြင်း

အလုပ်ထဲမှာ လမ်းလျှောက်နိုင်တဲ့ အချိန်တွေက အများကြီးပါ။ နေ့လယ်စာ စားချိန်အနားရတဲ့အခါ နေ့လယ်စာ စားပြီးတာနဲ့ လမ်းလျှောက်ပေးပါ။

(၇) တစ်ကိုယ်လုံး အကြောဆန့်ခြင်း

လုပ်ငန်းခွင်မှာ သင်လုပ်နိုင်တဲ့ တစ်ခုတည်းသော လေ့ကျင့်ခန်းက အကြောဆန့်တာပဲ ဖြစ်ပါ တယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရတဲ့အခါ တစ်ကိုယ်လုံး တောင့်တင်းနေနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး လက်၊ ခြေနဲ့ ခြေသလုံးတွေကို ဆန့်ထုတ်လိုက်ပါ။

(၈) ကိုယ်ဟန်အနေအထား ကောင်းမွန်ခြင်း

မကောင်းတဲ့ ကိုယ်ဟန်အနေအထားရှိရင် ခါးကြွက်သားတွေအပေါ် ဒဏ်ဖြစ်စေနိုင်တဲ့အတွက် ခါးကို မတ်မတ်ထားပြီး အလုပ်လုပ်ပါ။

Ref: HD

Most Popular

Healthy Life Ad
To Top