Healthy Life Ad
Life Style

ဆီးချို ရောဂါရှိသူ အမျိုးသားများ ဆီးချို ထိန်းချုပ်နိုင်စွမ်း မကောင်းလျှင် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ မြင့်မား

ဆီးချို သမားအမျိုးသား ၃၀ ရာခိုင်နှုန်းဝန်းကျင်က ပန်းသေပန်း ညှို းရောဂါ Erection Dysfunction) ရတတ်ကြောင်း လေ့လာမှုအရ သိရသည်ဟု ဆီးချို နှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ဆိုသည်။တချို့က တက်စတိုစတီရုန်းဟော် မုန်းနည်းလို့ ပန်းသေပန်းညှိုးရောဂါ (ED) ရတာ ရှိပါတယ်။ ဆီးချို သွေးချို ရောဂါကတော့ အဲဒါနဲ့ မဆိုင်ပါဘူး။ အာရုံကြောနဲ့ သွေးကြောတွေကြောင့် ဖြစ်တာ များပါတယ်။

ဒါပေမဲ့ နောက်တစ်ချက်သိရမှာက ဆီးချို ရောဂါသမားED ရထားတဲ့ သူ ၁၀ဝ မှာ ၃၀လောက်သာ တကယ့်ရောဂါကြောင့် ဖြစ်ပြီး ၇၀ လောက်က တော့ စိတ်ဖိစီးမှု(ED)ကြောင့် ဖြစ်တာများပါတယ်။

ဆီးချို ့သမားတစ်ယောက် ပန်းသေပန်းညှိုးရောဂါဖြင့်လာပြ လျှင် ဖြစ်ရသည့် အကြောင်းရင်းကို စိတ်ပိုင်းဆိုင်ရာအရ ပြန်လည် သုံးသပ်မှုပြီး စိတ်ဖိစီးခြင်း သို့မဟုတ် အချိန်နှင့် အခြေအနေမပေးခြင်း စသည့် အကြောင်းရင်းများကို လေ့လာဆန်းစစ်ရ ကြောင်း သိရသည်။

” တကယ့်ED ဖြစ်တာလား၊ စိတ်ဖိစီးလို့ ဖြစ် နေတာလား ဆိုတာကို ခွဲခြားစမ်းသပ်ဖို့လည်းမလွယ် ပါဘူး။ တစ်ခါတလေ ရက်ပိုင်း အတွင်း နှစ်ရက်-သုံး ရက်လောက် ရှိနေပြီလို့ လူနာက ပြောလာ ရင်တော့ ဒါတွေက စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ ဒီလိုမဟုတ်ဘဲ သုံးလလောက် ရှိနေပြီ၊ ဘယ်လိုမှ Erection မလာဘူးလို့ ဆိုလာရင်တော့ တကယ့် ရောဂါကြောင့် ED ဖြစ်နိုင်ခြေများပါတယ်” ဟု ပါမောက္ခဦးကိုကိုက ပြောသည်။
ဆီးချို ရောဂါကြောင့် ပန်းသေပန်းညှိုး ရောဂါ မဖြစ်စေရန် ကာကွယ်နိုင်ရေးအတွက် ဆီးချို ရောဂါ နှင့် သွေးတိုးရောဂါ ကို ကောင်းစွာ Control လုပ်ရ မည် ဖြစ်ပြီး အဝမလွန်စေရန်နှင့် အဆီမများစေရန် လည်း ဂရုစိုက်သင့်ကြောင်း၊ ထို့ပြင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိပါကလည်း သေချာဂရုစိုက်ကုသမှု ခံယူသင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top