Healthy Life Ad
Health Tips

မြန်မာလူမျိုးတို့ ရောဂါကင်းဝေးရေးအတွက် ဆားစားသုံးမှု လျှော့ချသင့်

ရေရှည်တွင် ဆားစားသုံးမှုများလွန်းလျှင် ကိုယ်တွင်းရောင်ရမ်းခြင်း၊ သွေးတိုးခြင်း အစရှိ သည့်ရောဂါဝေဒနာများ ဖြစ်တတ်သည့်အတွက် မြန်မာလူမျိုးတို့ ဆားစားသုံးမှုကို လျှော့ချသင့်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန် ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားသည်။
“ ဆား ”စားသုံးမှု လျှော့ချနိုင်ဖို့အတွက် –
    ချက်ပြုတ်တဲ့အခါ ဆားနဲ့ပဲငံပြာရည် အနည်းဆုံးကိုပဲ သုံးသင့်ပါတယ်။
    ထမင်းစားတဲ့အချိန်မှာ ဆားနဲ့ပဲငံပြာရည်ကို ထပ်မသုံးသင့်ပါဘူး။
    ချက်ပြုတ်တဲ့အခါ အချိုမှုန့် မထည့်သင့်ပါဘူး။
    ဆိုင်မှာ ဝယ်စားတဲ့အခါမှာလည်း ဆားထပ်မထည့်ဖို့၊ အချိုမှုန့်မထည့်ဖို့ ပြောရပါမယ်။
    ဆားအစား တခြားအရသာရှိစေမယ့် ကြက် သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်အမွှေး အကြိုင်၊ သံပရာသီး၊ သံပရိုသီး၊ ချင်း(ဂျင်း) စတာတွေကို သုံးရပါမယ်။
    အငန်အရသာကဲပြီး ငန်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ငါးဆားနယ်၊ ငါးခြောက်၊ ပုစွန် ခြောက်၊ ဆားပါတဲ့ အာလူးကြော်၊ သစ်သီး ဆံ၊ ဆားပါတဲ့ ဘီစကွတ်မုန့်နဲ့ ဆားရည်စိမ်ဟင်းသီး ဟင်းရွက်တွေကိုရှောင်ရပါမယ်}}ဟု ဒေါက် တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။
ထို့ပြင် အဆင်သင့်စားနိုင်သည့် စည်သွပ်ဘူး၊ ကျပ်တင်ထားသော အစာ၊ ဆီကြော်စာ၊ ဆားနယ်ထားသည့် အစားအသောက်များတွင် ဆားပါဝင်မှုများသဖြင့် ထိုအစာတို့အစား လတ်ဆတ်သော အစာများကို ရွေးချယ်စားသောက်သင့်ကြောင်း၊ ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲစသည်တို့မှာ လည်း ဆားကဲသော အစားအစာများဖြစ်သဖြင့် ရှောင်ရှားသင့်ကြောင်းသိရသည်။

Most Popular

Healthy Life Ad
To Top