Healthy Life Ad
International

အမေရိကန်ပြည်ထောင်စုအနှံ့ ရေပန်းစားလာသည့် အအေးကုထုံး မိုးမင်းထွန်း

လူတွေဟာ အအေးကို ဆေးပညာကုထုံးအဖြစ် ရှေးခေတ်ကတည်းက သုံးခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ ဂျပန်ဆရာဝန် ယာမာအူချီက သုညဒီဂရီအောက် အပူချိန်ရှိတဲ့ အအေးခန်းတွေ ထဲမှာ ခန္ဓာကိုယ်ကို စိမ်ထားခြင်းဖြင့် လူနာတွေကို ကုသနိုင်မယ့် သဘောတရားကို စတင်မိတ်ဆက်ခဲ့ ပါတယ်။ ဒီကုသနည်းဟာ ဥရောပကိုစတင်ပျံ့နှံ့သွား ပြီး မကြာသေးမီနှစ်တွေမှာတော့ အမေရိကန်ပြည် ထောင်စု ကို ရောက်ရှိလာပါတယ်။ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်တွေနဲ့ အားကစားသမား  တွကြားမှာ လျင်မြန်စွာ ရေပန်းစားနေပြီး သူတို့ကတစ်ဆင့် နိုင်ငံအနှံ့ပျံ့နှံ့လာနေတယ်လို့ သိရပါတယ်။

အအေးလွန်ကုထုံးစင်တာတွေဟာ နိုင်ငံအနှံ့ ပေါ်ထွက်လာနေပါတယ်။ စင်တာတွေက နိုက်ထရို ဂျင်အရည် မှ အေးအောင်ပြုလုပ်ပေးနိုင်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုထားပြီး အအေးခန်းတွေကို အပူချိန် အနုတ် ၁၆၀ နဲ့ ၃၀ဝ ကြားမှာ ထားရှိ တယ်လို့ဆိုပါတယ်။ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ၂၀၁၃ ခုနစ်က အန္တာတိက တိုက်မှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝအလျောက်ဖြစ်ပေါ်တဲ့ အနိမ့်ဆုံးအပူချိန်အ နုတ် ၁၃၅ ဒသမ ၈ ဒီဂရီဖာရင်ဟိုက် နဲ့ နှိုင်းစာရင် ပိုပြီးနိမ့်ကျပါတယ်။ မန်ဟတ်တန်မှ စင်တာပိုင်ရှင် တစ်ယောက်အပြောအရ သုံးမိနစ်စာ ဆက်ရှင် အတွက် ဒေါ်လာ ၉၀ ကုန်ကျမှာ ဖြစ်ပြီး သူ့စင်တာကို တစ်နေ့လူအယောက် ၈၀ နီးပါး လာရောက်တယ်လို့ သိရပါတယ်။ နောက်ထပ် စင်တာခုနစ်ခုကို ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အအေးခန်းထဲမှာ အချိန် ဘယ်လောက်ကြာကြာ နေသင့်သ လဲဆိုတာနဲ့ပတ်သက်ပြီး လူတွေအကြားမှာ အငြင်းအခုံဖြစ်နေကြပြီး ပြင်းထန်တဲ့အခြေအနေအောက်မှာ လူတွေရဲ့ တုံ့ပြန်နိုင်မှု ကို လေ့လာနေတဲ့ မန်နီတို ဘာတက္ကသိုလ်မှ ပါမောက္ခ ဂေါ်ဒွန်ဂီးစ်ဘာချ်ရဲ့ အဆိုအရ လူတွေရဲ့ သွေးတွေ၊ အတွင်းအင်္ဂငါ်္တွေအေးခဲသွားဖို့ အချိန်အတော်ကြာတာ ကြောင့် သုံးမိနစ်အချိန်ဟာသင့်တော်တယ်လို့   ပြောပါတယ်။ စင်တာပိုင် ရှင်တွေအဆိုအရတော့ ဒီလိုနိမ့်ကျတဲ့ အပူချိန်မှာ ရှစ်မိနစ် အချိန်နေထိုင်ရင် အသက်သေဆုံးနိုင်တယ်လို့ ပြောပါတယ်။

ထောက်ခံသူတွေက အအေးလွန်ကုထုံးကြောင့် နာကျင်ခြင်းဝေဒနာ လျော့ကျမှု၊ ထိခိုက်ဒဏ်ရာရမှု ကို အလျင်အမြန် သက်သာစေမှုနဲ့ စိတ်အားတက်ကြွစေမှုတို့ကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တခြား သူတွေရဲ့ အဆိုအရ အရိုးပွ/အရိုးပါးရောဂါ ကို ကာကွယ်တာ၊ ရင်ကျပ်ရောဂါကို ပျောက်ကင်းစေတာနဲ့ ကိုယ်အလေးချိန်ကို လျင်မြန်စွာ လျော့ကျစေတာ စတဲ့ကောင်းကျိုးတွေရှိတယ်လို့ ဆိုပါတယ်။

အစားအစာနှင့် ဆေးဝါးအဖွဲ့အစည်းကြီးကတော့ အအေးလွန်ကုထုံးကြောင့် အကျိုးကျေးဇူးရရှိတယ်ဆို တာကို အသိအမှတ်မပြုပါဘူး။ ဗြိတိန်နိုင်ငံမှာ အခုနှစ်စက်တင်ဘာလမှာပြုလုပ်တဲ့ သုတေသနအရလည်း အအေးလွန်ကုထုံးကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့လုံလောက်တဲ့အထောက်အထား မတွေ့ရှိရဘူးလို့ဆိုပါတယ်။ ဒါကို ဆန့်ကျင်သူတွေကတော့ အအေးလွန်ကုထုံးဟာ ငွေချမ်းသာသူတွေရဲ့ စတန့်ထွင်မှုသာဖြစ်ပြီး ငွေဖြုန်းတီးမှု သက်သက်သာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။

Ref: NY Times

Most Popular

Healthy Life Ad
To Top