Healthy Life Ad
Health Tips

ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်အညီ ထိန်းနိုင်မည့် ကယ်လိုရီနည်းပါးသော အစာ ၅ မျိုး

မီမိုး (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့ရာအတွက် လေ့ကျင့်ခန်း တစ်မျိုးတည်း လုပ်ရုံတင်မက ကယ်လိုရီ နည်းပါးတဲ့ အစာတွေကို ရွေးချယ် စားတတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် သွယ်လျချင်သူတွေ နေ့စဉ် မပါမဖြစ် စားနိုင်ဖို့ ကယ်လိုရီပါဝင်မှု နည်းပါးလှတဲ့ အစာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ပန်းသီး

2a

တစ်နေ့ ပန်းသီးတစ်လုံး စားရင် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါတယ်။ ပန်းသီးစားရင် ခန္ဓာကိုယ်က ကယ်လိုရီများများကို လောင်ကျွမ်းစေပါတယ်။ ပန်းသီးဆီကနေ အာဟာရဓာတ် အများစု ရရှိဖို့ ပန်းသီးခွံကို မခွာလိုက်ပါနဲ့။ ၂၀၁၂ လေ့လာမှုအရ ပန်းသီးခွံ တွေမှာ အမျှင်ဓာတ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို အားကောင်းစေပြီး အာဆိုလစ် အက်စစ်ပါဝင်တာကြောင့် ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

(၂) ကညွတ်

ce0831f9e5fda0145aa9eabccb8e3445

ကညွတ်မှာ ဆီးသွားစေတဲ့ သဘာဝ အာနိသင် ပါဝင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကို တွန်းလှန် ပေးနိုင်ပါတယ်။ ကညွတ်ခွက် တစ်ဝက်မှာ ကယ်လိုရီ ၂၀ပဲ ပါဝင်ပြီး ဗီတာမင်ကေ၊ ဗီတာမင်အေနဲ့ ဗီတာမင်ဘီများများ ပါဝင်ပါတယ်။ ကညွတ်မှာ ပါဝင်တဲ့ အက်စ်ပါရာဂျင်းဟာ အဆီဆဲလ်တွေကို ချေဖျက် ပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်အဆီတွေကို လျော့ပါး စေပါတယ်။ ကညွတ်ဟာ အိုမင်းမှု တားဆီးပေးနိုင်စွမ်း ရှိတာကြောင့် ကင်ဆာကို ကာကွယ်နိုင်ပြီး နာကျင် ရောင်ရမ်းမှုကိုတောင် လျော့ကျစေနိုင်ပါတယ်။

(၃) ငရုတ်ပွသီး

bell-pepper

ငရုတ်ပွသီးမှာ ဗီတာမင် B6 ၊ ဗီတာမင်စီနဲ့ ဖောလစ်အက်စစ် ပါဝင်မှုများပါတယ်။ ဖိုင်တိုကမ်မီကယ်လည်း ပါဝင်တဲ့အတွက် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ဝေဒနာနဲ့ အတွင်းတိမ်ရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အနီရောင် ငရုတ်ပွသီးမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ၂၅၀ ရာခိုင်နှုန်း၊ ဗီတာမင်အေ ၇၅ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၇၅ ရာခိုင်နှုန်းတို့ ပါဝင်နေပါတယ်။

(၄) သခွားသီး

sliced-cucumber

သခွားသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားပြီး ကယ်လိုရီ မပါသလောက် နည်းပါတယ်။ သခွားသီး စားတာကြောင့် အစာအိမ်ထဲ ရေဓာတ်နဲ့ ပြည့်ပြီး တခြား အစာတွေအတွက် နေရာ မကျန်တော့သလောက် ဖြစ်သွားပါတယ်။ ရေဓာတ် ရရှိတာကြောင့် အစာ စားချင်စိတ်ကို လျော့ကျစေရုံသာမက အသားအရေကို ပိုကြည့်ကောင်းစေတဲ့အပြင် အဆီပိုတွေပါ တွန်းလှန် ပေးပါတယ်။

(၅) အစိမ်းရောင် ဟင်းရွက်

green_vegetable_pile

အစိမ်းရောင် ဟင်းရွက်တွေမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဗီတာမင်ကေတို့ ပါဝင်မှုများပါတယ်။ နေ့စဉ် အစိမ်းရောင် ဟင်းရွက်သုပ် စားတာကြောင့် ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့် လူတင်နဲ့ ဘီတာကယ်ရိုတင်းဓာတ် ရရှိမှု တိုးစေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းရွက်ထဲမှာ အမျှင်ဓာတ် ပါဝင်တဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပါတဲ့အတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအား စနစ်ကို အားကောင်းစေတဲ့ ဖိုင်တိုကမ်မီကယ် တွေလည်း ပါဝင်ပါတယ်။

 

Most Popular

Healthy Life Ad
To Top