Healthy Life Ad
Q & A

သွေးထဲ ခရစ်ယာတင်နင်းဓာတ်များနေလျှင် . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး

ဒေါ်လှလှမေ၊ ပြည်။ မေး-. သွေးထဲ ခရစ်ယာတင်နင်းဓာတ် များနေရင် ဘယ်လိုအစာတွေကို စားသင့်ပါသလဲ၊ ဘယ်လို အစာတွေကို ရှောင်သင့်ပါသလဲ။

ဖြေ-သွေးထဲ ခရစ်ယာတင်နင်း ( Creatinine ) တက် နေသူတွေအနေနဲ့ အသီးအရွက်တွေ (ဥပမာ- ဂေါ်ဖီထုပ်၊ သခွားသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းမုံလာ၊ မုန်ညင်း၊ မုန်ညင်းထုပ်၊ တိုဟူး၊ ပဲနို့၊ ပဲပင်ပေါက်၊ မုန်လာဥနီ)၊ အငန်နည်းတဲ့ အစားအသောက်တွေ၊ အသားဓာတ်နည်းတဲ့ အစာ(ကြက်ဥအကာ၊ အဆီမပါတဲ့ အသား)၊ ဗီတာမင်များတဲ့ အစာတွေကို စားလို့ရပါတယ်။ ရေကိုများများ သောက်သင့်ပြီး ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လမ်း လျှောက်ပေးသင့်ပါတယ်။
ရှောင်ရမယ့် အစာတွေကတော့ ထောပတ်၊ အနီရောင်အသား၊ ပေါင်မုန့်ဖြူ၊ ချိုချဉ်၊ အချိုစာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဂျုံနုနဲ့ လုပ်ထားတဲ့ အစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဘီယာ၊ ဝိုင်နဲ့ အငန်များတဲ့ အစာတွေ(ဥပမာ- ဝက်ပေါင်ခြောက်)၊ သနပ်(သရက်သီးသနပ်၊သံပရာသီးသနပ်)၊ အသားခြောက်၊ ငါးခြောက်၊ အသားဓာတ်များတဲ့ အစာတွေ (ဥပမာ တချို့ပဲတွေ၊ အနီရောင် အသားတွေ)၊ ပိုတက်စီယမ်များတဲ့ အစာတွေ (ဥပမာ- ထောပတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး)၊ ငရုတ်သီးမှုန့်၊ ကိုကိုးမှုန့်၊ ချောကလက်၊ ဆီး(ဇီး)သီး ခြောက်၊ ဆီး(ဇီး)ချိုသီး၊ စပျစ်သီးခြောက်၊ အစေ့အမျိုးမျိုး၊ ဖရုံစေ့၊ နေကြာစေ့တွေကို ရှောင်သင့်ပါတယ်။
နမူနာအနေနဲ့ စားသောက်ရမယ့် အစားအသောက်ပုံစံကို ပြောပြချင်ပါတယ်။

နံနက်စာ
(၁) သစ်သီးဖျော်ရည် ၁ /၂ ခွက်၊
(၂) သစ်သီးတစ်လုံး၊
(၃) နို့တစ်ခွက် / ကော်ဖီတစ်ခွက်၊
(၄) ပေါင်မုန့်တစ်ချပ်နဲ့ မာဂျရင်းတစ်ဇွန်း၊
နေ့လယ်စာ
(၁) ထမင်း ၁ /၂ ခွက်၊
(၂) ကြက်သားပေါင်း ၉၀ ဂရမ်၊
(၃) အရွက်သုပ် တစ်ခွက်၊
(၄) ဟင်းချို တစ်ခွက်၊
(၅) သစ်သီး တစ်လုံး၊
ညစာ
(၁) ထမင်း ၁ /၂ ခွက်၊
(၂) အသားပြုတ် နှစ်တုံး (၉၀ ဂရမ်)၊
(၃) အရွက်ကြော် တစ်ခွက်၊
(၄) ဟင်းချို တစ်ခွက်၊
(၅) သစ်သီး တစ်လုံး၊
(၆) ရေနွေးကြမ်း တစ်ခွက်၊
သရေစာ
– တိုဟူးသုပ် တစ်ခွက် / ဒိန်ချဉ်တစ်ခွက

Most Popular

Healthy Life Ad
To Top