Healthy Life Ad
Health Tips

အစာကြေညက် အားကောင်းစေမည့် စူပါ အစာ ၁၀ မျိုး

စူး (ဆေးဝါးတက္ကသိုလ်)

အစာစားပြီးတိုင်း အစာမကြေတာ၊ ရင်ပြည့်တာ စတဲ့ ဝေဒနာတွေ ခံစားနေရရင် သင့်အစာခြေ လမ်းကြောင်းစနစ် ကျန်းမာစေဖို့ စူပါ အစာတွေကို ရွေးချယ်သင့်ပါတယ်။

(၁) ကန်စွန်းဥ
ကန်စွန်းဥမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို အားကောင်းစေပြီး ဝမ်းမှန်မှန် သွားစေတဲ့အတွက် အူလမ်းကြောင်းရှိ အဆိပ်အတောက် တွေကို ကင်းစင်စေပါတယ်။

(၂) ဒိန်ချဉ်
ဒိန်ချဉ်တစ်ခွက်မှာ အကျိုးပြု ဘက်တီးရီးယား သန်းနဲ့ချီပြီး ပါဝင်တဲ့အတွက် အူလမ်းကြောင်းမျှခြေကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းမှာ ကောင်းတဲ့ ပိုးမွှားတွေ ရှိတဲ့အတွက် အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတာပါ။

(၃) ချင်း(ဂျင်း)
ဗိုက်အောင့်တဲ့ ဝေဒနာ ခံစားရတဲ့အခါတိုင်း ချင်း(ဂျင်း) လက်ဖက်ရည်ကြမ်း တစ်ခွက်ကို သောက်သင့်ပါတယ်။

(၄) ဂျုံမှုန့်အကြမ်း
ဂျုံမှုန့်အကြမ်းကို ပုံမှန်စားတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် အူထဲက အဆိပ်အတောက် တွေကို ပြေစေပြီး ရင်ပူဝေဒနာလက္ခဏာကို သက်သာစေပါတယ်။

(၅) ထောပတ်သီး
ထောပတ်သီးမှာ အမျှင်ဓာတ် ပါဝင်တဲ့အတွက် ဝမ်းဗိုက်ဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် မိုနိုမပြည့်ဝဆီ ပါဝင်တာကြောင့် အာဟာရဓာတ် တချို့ စုပ်ယူနှုန်း ပိုကောင်းစေပါတယ်။

(၆) ပန်းသီး
ပန်းသီးစားတာကြောင့် ဝမ်းချုပ်တဲ့ ပြဿနာကို သက်သာစေပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပါဝင်တဲ့အတွက် ဖြစ်နိုင်ရင် ပန်းသီးအခွံကိုတောင် စားသင့်ပါတယ်။

(၇) ပူဒီနာ (ပူစီနံ)
ပူစီနံက ရောင်ရမ်းမှု လျော့ကျပြီး အေးမြစေတဲ့ အစွမ်း ရှိပါတယ်။ ရေတစ်ဖန်ခွက်ထဲ ပူစီနံဆီ (ပူဒီ နာဆီ) တစ်စက်၊ နှစ်စက်လောက် ထည့်ပြီး သောက်ရင် ဝမ်းဗိုက်ပြဿနာ သက်သာစေပါတယ်။

(၈) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူလှုပ်ရှားမှုကို အားကောင်းစေပြီး အူလမ်းကြောင်း သန့်စင်စေပါတယ်။ ဝမ်းပျက်ဝမ်းလျှောနေရင် ငှက်ပျောသီး စားတာကြောင့် သက်သာရာ ရစေပါတယ်။

(၉) ဥနီ ( Beetroot )
ဥနီ ( Beetroot )ထဲမှာ ပါတဲ့ ဘီတိန်းဒြပ်ပေါင်း တစ်မျိုးကြောင့် အစာကြေညက်မှုကို အားကောင်း စေပါတယ်။ ဥနီမှာ ရေဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်တဲ့ အတွက် အစာခြေလမ်းကြောင်းစနစ်ကို ချောမွေ့စေပါတယ်။

(၁၀) ဆီး(ဇီး)သီးခြောက်
ဆီး(ဇီး)သီးခြောက်မှာ ဝမ်းပျော့ပျော့သွားစေတဲ့ အစွမ်း ရှိတာကြောင့် ဝမ်းချုပ်နေသူတွေအတွက် သင့်တော်ပါတယ်။ ဆီးသီးခြောက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top