Healthy Life Ad
Child

သုံးလအတွင်း ကိုလက်စထရော လျော့ကျစေမည့် အစာ ( TLC Diet )

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကိုလက်စထရော များနေတဲ ့သူတွေမှာ TLC diet ( Therapeutic Lifestyle Changes Diet ) အတိုင်းစားမယ်ဆိုရင် ကိုလက်စထရာက အများကြီး လျော့သွားနိုင်ပါတယ်။ TLC diet ဆိုတာ အဆီတွေကို အများကြီး လျှော့စားရမှာ ဖြစ်ပါတယ်။ ကိုယ်စားနေတဲ့ ဆီကိုလည်း ပြည့်ဝဆီကနေ မပြည့်ဝဆီအဖြစ် ပြောင်းပြီး စားရမှာပါ။ ကိုလက်စထရော လျော့နည်းတဲ့ အစာတွေကို ရွေးပြီး စားရပါမယ်။ TLC diet အတိုင်း စားသောက်ပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပေးမယ်ဆိုရင် သုံးလအတွင်း ကိုလက်စထရော လျော့ကျသွားမှာ သေချာပါတယ်။

tlc-diet

TLC Diet ဆိုသည်မှာ

(၁) တစ်နေ့တာ လိုအပ်သော အဆီ
မိမိလိုအပ်တဲ့ ကယ်လိုရီရဲ့ ၂၅-၃၅ ရာခိုင်နှုန်းဟာ မပြည့်ဝဆီကနေ ရရှိမယ့် ကယ်လိုရီပဲ ဖြစ်ပါတယ်။ ဥပမာ- မပြည့်ဝဆီဆိုတာ မြေပဲဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ကနိုလာဆီ ( Canola Oil )တို့ပဲ ဖြစ်ပါတယ်။
ဥပမာ – ၁၈၀ဝ ကယ်လိုရီ စားသောက်မယ့် သူတွေအတွက်-
* ကာဗိုဟိုက်ဒရိတ် – ၄၅ ရာခိုင်နှုန်း (၈၁၀ ကယ်လိုရီ)
* ပရိုတင်း – ၃၀ ရာခိုင်နှုန်း (၅၄၀ ကယ်လိုရီ)
* အဆီဓာတ် – ၂၅ ရာခိုင်နှုန်း (၄၅၀ ကယ်လိုရီ)
* အမျှင်ဓာတ် – ၅ ရာခိုင်နှုန်း (၉၀ ကယ်လိုရီ)

(၂) ပြည့်ဝဆီ ( Saturated Fat ) ကိုတော့ ၇ ရာခိုင်နှုန်းထက်ပိုပြီး စားလို့ မရပါဘူး။
ပြည့်ဝဆီတွေကတော့ တိရစ္ဆာန်ကရတဲ့ အဆီ (ဝက်ဆီ)၊ စားအုန်းဆီ၊ ထောပတ်၊ ဒိန်ခဲ၊ ချိစ်တွေပဲ ဖြစ်ပါတယ်။
ကိုလက်စထရောပါတဲ့ အစာတွေကိုလည်း တစ်ရက်မှာ ၂၀ဝ မီလီဂရမ်ထက် ပိုပြီး မစားသင့်ပါဘူး။ ကြက်ဥအနှစ်၊ ပင်လယ်စာ၊ အနီရောင်အသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အခွံမာတဲ့ ပင်လယ်စာတွေထဲမှာ ကိုလက်စထရော အများဆုံး ပါဝင်ပါတယ်။ ထောပတ် ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၂၈၀မီလီဂရမ်၊ ကြက်ဥအဝါနှစ် ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၃၃၀ မီလီဂရမ်၊ ဘဲသား ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၇၀ မီလီဂရမ်၊ ဝက်သား ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၁၁၀ မီလီဂရမ်၊ ဝက်ဦးနှောက် ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၂၀ဝ၀ မီလီဂရမ်၊ ပုစွန်တုပ်ကြီး ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၂၀ဝ မီလီဂရမ်၊ တိရစ္ဆာန်အသည်း ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၅၆၄ မီလီဂရမ်၊ ပြည်ကြီးငါး ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၂၆၀ မီလီဂရမ်၊ ဆာဒင်းငါး ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၇၀ မီလီဂရမ်၊ နွားနို့ ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၁၁ မီလီဂရမ်နဲ့ အဆီထုတ်နွားနို့ ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ဝ ဒသမ ၄ မီလီဂ ရမ်တို့ ပါဝင်ပါတယ်။

TLC diet အတိုင်းစားသောက်နိုင်ဖို့ ဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။

1a

1b

1c

အထက်ဖော်ပြပါအတိုင်း သုံးလခန့်စားမယ်ဆိုရင် ကိုလက်စထရော ကျသွားနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို တစ်နေ့မှာ မိနစ် ၃၀ ခန့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top