Healthy Life Ad
Child

အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲနှင့် ကြေးအိုးအကြောင်း သိကောင်းစရာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

အုန်းနို့ခေါက်ဆွဲ

1a

ပါဝင်သော အာဟာရဓာတ်များ
အုန်းနို့ထဲမှာ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် စတဲ့ ကောင်းတဲ့ဓာတ်တွေ ပါဝင်ပေမယ့် မကောင်းတာက ကယ်လိုရီ ပါဝင်မှုများတာပဲ ဖြစ်ပါတယ်။ အုန်းရေဆိုရင် ရေဓာတ်ပြည့်ဝစေပေမယ့် အုန်းနို့ကျတော့ ကျိုချက်ပြီးသား ဖြစ်သွားတဲ့အတွက် အဆီတွေ အများကြီး ဖြစ်သွားပါတယ်။
ကယ်လိုရီ ဘယ်လောက် ပါဝင်သလဲ
အုန်းနို့ခေါက်ဆွဲ တစ်ပန်းကန်မှာ ကယ်လိုရီက ၃၀ဝ နဲ့ ၄၀ဝ ကြားမှာ ရှိပါတယ်။ ၁၀ဝ ဂရမ်ဆိုရင် ကယ်လိုရီ ၂၂၁ ရှိပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
အုန်းနို့တွေ ပါတဲ့အတွက် သွေးတိုးတဲ့သူတွေနဲ့ မတည့်ပါဘူး။ အသက်ကြီးတဲ့သူတွေနဲ့ သွေးတွင်း ကိုလက်စထရောများတဲ့ သူတွေမှာ မတည့်ပါဘူး။
ရှမ်းခေါက်ဆွဲ

1c

ပါဝင်သော အာဟာရဓာတ်များ
အာဟာရနဲ့ ညီညွတ်တဲ့ အစာဖြစ်သလို တိုင်းရင်းသားတွေရဲ့ အာဟာရဖြစ်လို့ အဆီပါဝင်မှု မများပါဘူး။ ဒါပေမဲ့ အဆီတက်မှာစိုးတဲ ့သူတွေက ရှမ်းခေါက်ဆွဲအသုပ်ထက် အရည်ကို ရွေးချယ် စားသင့်ပါတယ်။
ကယ်လိုရီ ဘယ်လောက် ပါဝင်သလဲ
ရှမ်းခေါက်ဆွဲ ၁၀ဝ ဂရမ်မှာ ကယ်လိုရီက ၃၅၁ ပါဝင်ပါတယ်။ ရှမ်းခေါက်ဆွဲကို အရည်ဖျော်စားရင် အဆီက ဒီလောက် မတက်ပါဘူး။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ဆီးချိုသမားဆိုရင် ဆန်စီးမစားသင့်ပါဘူး၊ ဆန်ဖွယ်ပဲ စားသင့်ပါတယ်။
ကြေးအိုး

1b
ပါဝင်သော အာဟာရဓာတ်များ
ကြေးအိုးကို ဝက်ကြေးအိုး မဟုတ်ဘဲ ကြက်ကြေးအိုး ဒါမှမဟုတ် ပင်လယ်စာ ကြေးအိုးပဲ စားမယ်၊ အရွက်တွေ များများ ထည့်စားမယ်ဆိုရင် စားသင့်တဲ့ အစာထဲမှာ ပါဝင်ပါတယ်။ အချိုမှုန့်တွေ၊ ကြက်သားမှုန့်တွေတော့ မထည့်သင့်ပါဘူး။ ဥပမာ ဆီးချိုရောဂါ ရှိတဲ့ သူတွေက ထမင်းစားမယ့်အစား ညနေစာအဖြစ် ကြေးအိုးကို အရွက်များများနဲ့ စားလိုက်မယ်ဆိုရင် ကစီဓာတ်လည်း သိပ်မများဘဲ သင့်တော်ပါတယ်။
ကယ်လိုရီ ဘယ်လောက် ပါဝင်သလဲ
ကြေးအိုး တစ်ပွဲဆိုရင် ၅၀ဝ ကယ်လိုရီလောက် ပါဝင်ပါတယ်။ ဝက်ကြေးအိုး တစ်ပွဲဆိုရင် ၇၀ဝ ကယ်လိုရီလောက် ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top