Healthy Life Ad
Child

သူငယ်ချင်း လေးယောက် ရှိလေသည် . .

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ရွာတစ်ရွာမှာ သူငယ်ချင်းလေးဦး ရှိပါတယ်။ သူတို့ လေးဦးထဲက သုံးယောက်က အလွန်တော်ပြီး အရာရာကို စူးစမ်းလေ့လာမှု ရှိကြတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်း ကိုကျော်ကတော့ ပျင်းရိပြီး လေးလံလွန်းလှတယ်၊ ဒါပေမဲ့ သူ့မှာ လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့ အရည်အချင်းတော့ ရှိပါတယ်။
သူတို့လေးဦးဟာ ပညာသင်ဆုပေးနေတဲ့ တခြားတစ်နယ်တစ်ကျေးကို သွားရောက် ပညာသင်ယူလေ့လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့က တောနက်ကြီးတစ်ခုကို ဖြတ်ပြီး အဲဒီနေရာကို သွား ခဲ့ကြတော့တယ်။ လမ်းခရီးမှာ တောနက်ကြီးထဲ ရောက်တော့
ခြင်္သေ့တစ်ကောင်ရဲ့ အရိုးတွေကို တွေ့ခဲ့ကြတယ်။ ကိုကျော်က ခြင်္သေ့အရိုးစုကို နဂိုအတိုင်း ပြန်လည်ပုံဖော်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့သူငယ်ချင်း သုံးယောက်ကတော့ ခြင်္သေ့ကြွက်သားနဲ့
ခြင်္သေ့တည်ဆောက်ပုံကို ပြန်လည်ပုံသွင်းဖို့ ကြိုးစားကြတယ်။ ပြီးတော့ ခြင်္သေ့ကို သူတို့အစွမ်းနဲ့ အသက်ပြန်သွင်းဖို့ စီစဉ်ကြတယ်။
ကိုကျော်က သူတို့ သုံးယောက်ရဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့နဲ့ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်ကို သတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့က မရပ်ခဲ့ကြဘူး။ ဒါနဲ့ သူတို့လုပ်ဆောင်မှု မပြီးခင်မှာပဲ ကိုကျော်က သစ်ပင်တစ်ပင်ပေါ် တက်နေခဲ့တယ်။ နောက်ဆုံးမှာ ခြင်္သေ့က အသက်ဝင်လာပြီး လေ့လာနေတဲ့ သူငယ်ချင်းသုံးယောက်ကို သတ်ဖြတ် စားလိုက်တော့တယ်။
နောက်ဆုံးမှာ လက်တွေ့ကျကျ တွေးတတ်တဲ့ စိတ်ကြောင့် ကိုကျော်ကတော့ အသက်ချမ်းသာရာ ရခဲ့တော့တယ်။
စာစုကပေးချင်သော သင်ခန်းစာ
ဒီစာစုဟာ လက်တွေ့မှာတော့ဖြင့် ဖြစ်နိုင်ဖွယ်ရာ မရှိပါဘူး။ ဒါပေမဲ့

ဘဝခရီးကို လျှောက်လှမ်းရာမှာ
တော်နေရုံနဲ့ မပြီးဘဲ အရာရာကို
လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်နိုင်စွမ်း
ရှိဖို့ကလည်း အရေးကြီး

ကြောင်း သင်ခန်းစာပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top