Healthy Life Ad
International

ကလေးမွေးသော မိခင်များက ကလေးမမွေးသူတို့ထက် စောစီးစွာသေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်း

၊ ကိုထက် ၊

လန်ဒန်ရှိ Imperial College မှ သုတေသီများက အမျိုးသမီး သုံးသိန်းနှစ်သောင်းကျော်ကို စစ်တမ်းကောက်ပြီး လေ့လာလျက်ရှိရာ လေ့လာချက်အရ ၁၃ နှစ်အတွင်း သေဆုံးသူ အမျိုးသမီး ၁၄၀ဝ၀ အနက် ၆၀ဝ၀ နီးပါးက ကင်ဆာရောဂါကြောင့်ဖြစ်ပြီး ၂၄၀ဝ လောက်ကတော့ နှလုံးရောဂါကြောင့်ဟု စစ်တမ်းများအရ တွေ့ရှိရသည်။
ကနဦး တွေ့ရှိချက်များအရ ကလေးကို ကိုယ်တိုင်မိခင်နို့ချိုတိုက်ကျွေးသော မိခင်များက စောစီးစွာ အသက်သေဆုံးနိုင်ချိန် လျော့နည်းစေကြောင်း ဆိုသည်။ ကလေးကို ကိုယ်တိုင် နို့ချိုတိုက်ကျွေးသည့်အခါ
ဟော်မုန်းအပြောင်းအလဲများ ဖြစ်စေပြီး နှလုံးကို ပိုမိုသန်မာစေကာ ကင်ဆာဖြစ်ပွားနှုန်းကိုလည်း လျော့နည်းစေကြောင်း
လေ့လာတွေ့ရှိ ရသည်။ ကလေးကို နို့ချိုတစ်နှစ်ခန့် တိုက်ကျွေးခြင်းက ရောဂါဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်းကို လျော့စေကြောင်း၊ အကြောင်းမှာ နို့တိုက်ကျွေးချိန်တွင် ရင်သားကင်ဆာကို ဖြစ်စေတတ်သည့် အီစထရိုဂျင် ဟော်မုန်းထွက်နှုန်းကို လျော့ကျစေကြောင်း၊ ထို့အပြင် နို့တိုက်ကျွေးခြင်းကြောင့် ရင်သားတွင်ရှိသည့် ဆဲလ်များအား ကင်ဆာဖြစ်စေနိုင်စွမ်းကို ပိုမိုတွန်းလှန် နိုင်စေကြောင်း သိရသည်။
ကလေးမွေးလိုက်လျှင် အိပ်ရေးပျက်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ကလေးအတွက် ပူပင်သောကနှင့် စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်တတ်သည့်အတွက် ကျန်းမာရေးအတွက် ပိုကောင်းစေနိုင်ကြောင်းကို လူတို့ယုံကြည်ရန် ခက်နေကြသည်။
အမှန်တကယ်၌ ကလေးမွေးခြင်းက မိခင်ကို ပိုပြီး အသက်ရှည်စေကြောင်း၊ ဥရောပမှ လေ့လာချက်များအရ ကလေးမွေးသူ မိခင်များက မမွေးသူများထက် စောစီးစွာသေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုနည်းကြောင်း ဆိုသည်။ အထူးသဖြင့် သားဦးမွေးချိန်တွင် မိခင်အသက် ၂၀ ကျော်ဝန်းကျင် အရွယ်ဆိုလျှင် စောစီးစွာ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်း ပိုပြီး လျော့နည်းနိုင်ကြောင်း သိရသည်။
BMC ဆေးဝါးဂျာနယ် လေ့လာမှုမှတ်တမ်း၏ ထုတ်ပြန်ချက်အရ ကလေးနှစ်ယောက် သို့မဟုတ် သုံးယောက်မွေးထားသော မိခင်များက အခြားသူများထက် ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းကြောင်းနှင့် ထိုမိခင်များက ကလေးကို မိခင်နို့ချို တိုက်ကျွေးမည်ဆိုလျှင် ကင်ဆာဖြစ်နိုင်ခြေ ပိုပြီး လျော့နည်းမည် ဖြစ်ကြောင်း၊ အကြောင်းမှာ ကိုယ်ဝန်ဆောင်ချိန်၌လည်း ရင်သားကင်ဆာကို ဖြစ်စေနိုင်သည့် အီစထရိုဂျင် ဟော်မုန်းအထွက်နှုန်း လျော့ကျစေ၍
ဖြစ်ကြောင်း သိရသည်။
လေ့လာမှုများအရ ကလေးမွေးဖွားလာခြင်းက ဖခင်များအပေါ်တွင်လည်း သက်ရောက်မှုရှိပြီး ကလေးတစ်ဦး မွေးလာသောအခါတိုင်း မိခင်ရောဖခင်ပါ ပျော်ရွှင်မှုပမာဏ သုံးဆခန့် ပိုများလာကြောင်း သိရသည်။ သို့ရာတွင် လေးယောက်မြောက် ကလေးမွေးသည့်အခါတွင်တော့ ထိုပျော်ရွှင်မှုအဆင့်က ပြန်လည်လျော့ကျ သွားနိုင်ကြောင်း သိရသည်။
(Ref;DM)

Most Popular

Healthy Life Ad
To Top