Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ပြီးချိန် စားသောက်သင့်သော အစာ ၅ မျိုး

လရိပ်မေ
လူတွေက လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အစာ ကို များများ စားလေ့ရှိကြပါတယ်။ ဒီလို စားလိုက်မှသာ လေ့ကျင့်ခန်းလုပ်ပြီး ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ချွေးထွက်သွားတဲ့အတွက် အစာကို စားသင့်တာ မှန်ပေမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်ကို အချိုး ညီညီ ရယူဖို့ အရေးကြီးပါတယ်။
(၁) ချောကလက်နို့
ချောကလက်နို့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ် မှန်ကန်တဲ့ ပမာဏ ပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ရင်း ဆုံးရှုံးသွားတဲ့ ဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

cmilk
(၂) ကြက်ဥပါသော နံနက်စာ
နံနက်မှာ အချိန်ရတယ်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီး၊ ကြက်သွန်နီစတာတွေနဲ့ မွှေကြော် ကြော်ပြီးစားပါ။ ကြက်ဥတစ်လုံးမှာ ပရိုတင်းဓာတ် ၆ ဂရမ် ပါဝင်တာကြောင့် လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းဓာတ်ရဲ့ ၁၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရောကို မလိုချင်ရင် ကြက်ဥအနှစ်ကို မထည့်ဘဲ အကာနဲ့ပဲ ကြော်ပါ။

eggbk
(၃) ဒိန်ချဉ်
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပရိုတင်းပါဝင်တဲ့ ဒိန်ချဉ်ကို စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတာတွေ ရောထည့်ပြီး သောက်ပေးသင့်ပါတယ်။

greek-yogurt
(၄) မြေပဲထောပတ်ပါသည့် ဆင်းဒဝှစ်ချ်
ဈေးမကြီးဘဲ ရိုးစင်းပြီး တစ်နေ့တာလုံး လန်းဆန်းနေစေဖို့ ဆင်းဒဝှစ်ချ်ကို မြေပဲထောပတ်ထည့်ပြီး ငှက်ပျောသီး ဒါမှမဟုတ် ပျားရည်နဲ့ တွဲစားပါ။

sandwich
(၅) အဆီနည်း အသားနှင့် ငါး
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပရိုတင်းနဲ့ ကာဗို ဟိုက်ဒရိတ်ရရှိစေဖို့ ငါးနဲ့ ကြက်သားလို အဆီနည်း အသား၊ ဆန်လုံးညို ဒါမှမဟုတ် ကန်စွန်းဥနဲ့ တွဲဖက် စားပေးပါ။ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

poultry-meat

Most Popular

Healthy Life Ad
To Top