Healthy Life Ad
Health Tips

ပင်ပန်းနေသော ဇနီးမောင်နှံတို့အတွက် ရယ်မောခြင်းအစွမ်း

ကိုထက် ၊
ရယ်မောတာက အကောင်းဆုံး ဆေးတစ်လက်ပါ။ တစ်နေ့လုံး စိတ်ပင်ပန်းဖိစီးနေတဲ့ ဇနီးမောင်နှံတွေ အနေနဲ့ အနည်းငယ် စိတ်ကတောက်ကဆတ် ဖြစ်စရာ ကြုံရင်တောင် ဒေါသထွက်လွယ် နေတတ်ကြပါတယ်။ အဲဒီလို ဖြစ်တာက တစ်ဦးနဲ့ တစ်ဦး စိတ်ကုန်ခမ်းစေတဲ့ အကြောင်းရင်းဖြစ်တာကြောင့် ညနေ အတူရှိချိန်မှာ ရယ်မောဖြစ်အောင် ရယ်မောကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ရယ်မောတာက ရောဂါကို မကုသပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကို ပြေလျော့စေတာကြောင့် ကျန်းမာစေပါတယ်။
“ရယ်မောတာက သင့်ခန္ဓာကိုယ်အတွက် ရေတိုနဲ့ ရေရှည် ကျန်းမာရေးကောင်းကျိုးတွေ ရှိစေပါတယ်။ စိတ်အပန်းပြေစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေနိုင်ပါတယ်။ ရယ်လိုက်တဲ့အခါ ပိုပျော်လာပြီး ဘဝမှာ နေရတဲ့ ရပ်တည်မှုအပေါ် အကောင်းဘက်က ရှုမြင်တတ်လာပါတယ်”ဟု စကားဘိုရပ်ဆေးရုံက စိတ်ပညာရှင် ဒေါက်တာဂျက်ကလင်းက ဆိုထားပါတယ်။
အိမ်ထောင်သည် ဇနီးမောင်နှံတွေအနေနဲ့ တစ်နေ့ တစ်ကြိမ် ရယ်မောပေးတာကြောင့် အောက်ပါကောင်းကျိုးတွေ ရရှိစေပါတယ်။

(၁) သွေးတိုးကို ကျစေပါတယ်။
(၂) သွေးစီးဆင်းမှုကောင်းစေပြီး သွေးထဲအောက်ဆီဂျင် ရောက်ရှိစေပါတယ်။
(၃) ရင်ဝမ်းတားကြွက်သား၊ ဝမ်းဗိုက်၊ အသက်ရှူလမ်းကြောင်း၊ မျက်နှာ၊ ခြေထောက်နဲ့ ခါးကြွက်သား တွေကို
လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေပါတယ်။
(၄) ကော်တီစောနဲ့ အဒရီနယ်လင်းတို့လို စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျော့ကျစေပါတယ်။
(၅) အကျိတ်နဲ့ ရောဂါကို တွန်းလှန်ပေးတဲ့ ဆဲလ် တွေရဲ့ တုံ့ပြန်မှုကို အားကောင်းစေပါတယ်။
(၆) အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို တွန်းလှန်ပေးနိုင်သလို အအေးမိဝေဒနာ ဖြစ်နှုန်းကိုတောင်
လျော့ကျစေပါတယ်။
(၇) မှတ်ညဏ်ကောင်းစေပြီး သင်ယူလေ့လာနိုင်စွမ်း တိုးစေပါတယ်။
(၈) တက်ကြွပြီး ဖန်တီးတီထွင်နိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

သတိပြုရန်
– အလုပ်ခွင်မှာ စိတ်ဖိစီးမှုများတဲ့အခါ ကြည့်နိုင်ဖို့ ရယ်မောစရာ စာတိုပေစ ဒါမှမဟုတ် ဟာသ ဓာတ်ပုံတွေကို အလုပ်စားပွဲမှာ ကပ်ထားပါ။
– သင်တို့ နှစ်ဦးစလုံး ကြိုက်နှစ်သက်တဲ့ ရယ်မောစရာ ဇာတ်လမ်း၊ တီဗီအစီအစဉ်ကို ကြည့်ပါ။
– ဘယ်တော့ဖြစ်ဖြစ် ရယ်မောရတဲ့ဘက်ကို ပြောင်းလဲကြည့်ပါ။ သင့်ကို ရယ်မောစေတဲ့ လူတွေနဲ့ အချိန်ဖြုန်းပါ။

ရယ်မောတာကြောင့် စိတ်ဖိစီးမှုပြေစေသလို တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့ သွားစေပါတယ်။ ဒါကြောင့် ရယ်မောတာကို ဆေးကောင်း တစ်လက်လို့ တင်စားပြောဆိုကြတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top