Healthy Life Ad
Health Tips

ဒူးနာသက်သာစေမည့် အလွယ်လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

ဒူးနာတဲ့အခါ လေ့ကျင့်ခန်းကို အပြင်းအထန် မလုပ်သင့်ပါဘူး။ အားကစား လုပ်ရာမှာသုံးတဲ့ ကွင်း (Resistance Band) ကို သုံးပြီး နေ့တိုင်း လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

(၁) ဘေးတိုက် လွှဲယမ်းခြင်း

ကြမ်းပြင်ပေါ်မှာ ဘယ်ခြေကျင်းဝတ်မှာ အထိန်း ကွင်းတစ်ခု စွပ်ကာ ညာခြေကျင်းဝတ်မှာ Loop ကွင်း ချိတ်ပြီး ညာခြေထောက်ကို ဘေးတိုက်လွှဲရင်း မြှင့်လိုက်၊ နှိမ့်လိုက် လုပ်ပေးပါ။ တစ်ခါလွှဲတိုင်း ၁၀ ကြိမ် စီလုပ်ပေးပါ။ ပြီးရင် ဘယ်ခြေထောက်နဲ့ ဘက်ပြောင်း လုပ်ပေးပါ။

(၂) ရှေ့တိုက် ကန်ခြင်း

ဘယ်ခြေကျင်းဝတ်မှာ အထိန်းကွင်း တပ်ပြီး ညာဘက်မှာ Loopကွင်းတပ်ကာ ဘယ်ခြေ ထောက်ကို ရှေ့ ၁၂ လက်မအကွာမှာ ဝှေ့ယမ်း ပေးပါ။

(၃) ထိုင်ပြီး လှည့်ခြင်း

ဘယ်ခြေထောက်မှာ အထိန်းကွင်းတပ်ပြီး ညာခြေကျင်းဝတ်မှာ Loop ကွင်းတပ်ကာ ဒူးတွေကို စေ့ထားပါ။ ပြီးရင် ဘယ်ခြေထောက်ကို ၁၂ လက်မ အကွာမှာ လှည့်ပေးပါ။

Most Popular

Healthy Life Ad
To Top