Healthy Life Ad
International

နှာညှစ်ပြီး မျက်လုံးရောင်လာသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အမျိုးသမီး တစ်ယောက်သည် ပြင်းထန်စွာ နှာညှစ်ပြီးနောက် သူ၏မျက်လုံးသည် ဂေါက်သီးလုံး ပမာဏလောက် ရောင်လာခဲ့ကြောင်း သိရှိရသည်။

ထိုဒဏ်ရာမျိုးကို မကုသဘဲထားပါက အမြင်အာရုံကို ပျက်စီးစေပြီး မျက်စိကန်းသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်များကဆိုသည်။

လက်ဆက်စတာ တော်ဝင်ဆေးရုံ အရေးပေါ်ဌာနကို ရောက်ရှိလာသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်သည် နှာခေါင်းကို ပြင်းထန်စွာညှစ်ပြီး ၄နာရီအကြာမှာ မျက်လုံး ရောင်လာခဲ့ကြောင်း ဆိုသည်။ ရောင်ခြင်းက တဖြည်းဖြည်း ပိုဆိုးလာပြီး ဂေါက်သီးလုံးပမာဏလောက် ဖြစ်လာကာ အနည်းငယ် နာကျင်လာခဲ့ခြင်း ဖြစ်သည်။

လူနာအမျိုးသမီးတွင် အဖျားရောဂါ၊ နှာခေါင်းမြှေး ရောင်ရမ်းခြင်းနှင့် အခြားထိခိုက်ဒဏ်ရာမှုများ မရှိကြောင်း ဆရာဝန်များ၏ စမ်းသပ်ချက်အရ တွေ့ရှိရသည်။

နောက်ဆုံးတွင် မျက်လုံးတစ်ဝိုက်၌ ရှိသည့် နူးညံ့သော တစ်သျှူးများဆီ လေဖိအား သက်ရောက်သော မျက်ဝန်းလေဝင်ခြင်းကြောင့် ရောင်ရမ်းမှု ဖြစ်ပေါ်ကြောင်း   တွေ့ရှိရသည်။

ထိုအခြေအနေမျိုးက ပြင်းထန်သည့်အခါတွင် အမြင်အာရုံကြောတွေဆီ သွေးရောက်ရှိမှုကို ဆုံးရှုံးစေပြီး မျက်လုံး ကွယ်သည့်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။

မျက်ဝန်းလေဝင်ခြင်းက အများအားဖြင့် မျက်နှာကို ထိခိုက်မိရာမှ ဖြစ်ပေါ်လေ့ရှိပြီး လူနာက နှာရည်ညှစ်ရာမှ ဖြစ်ပေါ်ခဲ့သောကြောင့် ဆရာဝန်များက အံ့သြခဲ့ရသည်။

နောက်ထပ် ကွန်ပျူတာစစ်ဆေးမှုအရ လူနာ၏ နှာခေါင်းအတွင်း၌ အရိုးအက်ကွဲမှုကိုလည်း တွေ့ရှိခဲ့ရသည်။ လူနာကို စမ်းသပ်ချက်အရ မျက်စိအမြင်အာရုံကို ထိခိုက်ခြင်း မရှိခဲ့ပေ။

လူနာသည် ပဋီဇီဝပိုးသတ်ဆေးသောက်ရန် လိုအပ်ပြီး နှစ်ပတ်အတွင်း ရောင်ရမ်းမှု ပျောက်ကင်းနိုင်မည်ဟု ဆရာဝန်များက ဆိုသည်။

(Ref:DM)

Most Popular

Healthy Life Ad
To Top