Healthy Life Ad
Health Tips

သင့်ကို အမှန်တကယ် လန်းဆန်းသွားစေမည့် စိတ်ဖိစီးမှု ပြေလျော့စေသောရနံ့များ

၊ ငွေကြယ်စင်ယံ ၊
စိတ်ဖိစီးနေတဲ့အချိန်၊ စိတ်ပင်ပန်း နွမ်းနယ်နေတဲ့ အချိန်မှာ အပန်းပြေချင်တယ်ဆိုရင် အောက်ပါ ရနံ့တွေကို တစ်မိနစ်လောက် ရှူကြည့်လိုက်ဖို့ အကြံပြုချင်ပါတယ်။
(၁) လှေစီးတာ၊ လေယာဉ်စီးတာတို့ လုပ်ဆောင်လိုက်ရင် တချို့လူတွေမှာ အပန်းပြေ လန်းဆန်းသွားတာကို တွေ့ရပါတယ်။ စိတ် ပင်ပန်းနွမ်းနယ်နေရင် လှေဆိပ်၊ သင်္ဘောဆိပ်နဲ့ လေဆိပ်တွေကို သွားလည် ကြည့်သင့်ပါတယ်။
(၂) စပါးလင်အနံ့ဟာ စိတ်ဖိစီးမှုကို ပြေလျော့ စေပါတယ်။ စပါးလင်အနံ့ ရှူရှိုက်ရတဲ့အခါ ဦးနှောက်ထဲက ဓာတုပစ္စည်း တုံ့ပြန်မှုကို အားမပေးနိုင်ပေမယ့် စိတ်တည်ငြိမ် အပန်းပြေတဲ့ ခံစားချက် ရရှိစေပါတယ်။
(၃) အပန်းဖြေ ခရီးသွားတဲ့အခါ လူတွေဟာ နေကာခရင်မ်ကို ခပ်ထူထူ လိမ်းဖြစ်တာကြောင့် အဲဒီ ရနံ့ရရင်ကို အပန်းပြေ ခရီးစဉ်တစ်လျှောက် စိတ်အေးလက်အေး ဖြစ်နေတတ်ပါတယ်။
(၄) ဆေးဖက်ဝင် လက်ဖက်ရည် သောက်တာကြောင့် စိတ်အပန်းပြေ စေပါတယ်။ ချမိုမိုင်း လက်ဖက်ရည် (Chammomile Tea) အနံ့ကြောင့် လူအများစုဟာ စိတ်ဖိစီးမှု ပြေလျော့တတ်ပါတယ်။
(၅) သခွားသီးစိတ် အနံ့ကြောင့် ပူပင်သောက လျော့ပါးပြီး စိတ်အပန်းပြေတဲ့ ခံစားချက် ရရှိစေပါတယ်။
(၆) ပေါင်မုန့် မီးကင်တဲ့အခါ ထွက်လာတဲ့ အနံ့ကလည်း စိတ်ကျေနပ်မှု၊ အရသာရှိမှု၊ လုံခြုံမှု၊ အန္တရာယ် ကင်းမှုနဲ့ နွေးထွေးမှုတို့ ဖြစ်ပေါ်စေပြီး စိတ်အေးလက်အေး ရှိစေပါတယ်။
(၇) သင်ချစ်တဲ့သူရဲ့ ကိုယ်သင်းရနံ့က သင့်ကို ဖိစီးမှု လျော့ကျစေပြီး လုံခြုံနွေးထွေး စေမှာပါ။ တစ်ခါတစ်ရံ သင်ချစ်တဲ့ အဘွားရဲ့ အိမ်အလည် သွားတဲ့အခါ ဒါမှမဟုတ် သင့်အမေရဲ့ တဘက်ကို ယူသုံးတဲ့အခါ နွေးထွေးပြီး စိတ်အေးလက်အေး ရှိနေတာမျိုးကို ဆိုလိုပါတယ်။
(၈) ဗနီလာရနံ့က သင့်စိတ် အေးချမ်းပြီး အမြန် အိပ်မောကျ စေပါတယ်။
(၉) လာဗန်ဒါဆီကို ခေါင်းအုံးစွပ်မှာ ဆွတ်ထားရင် ဦးနှောက်ကို အိပ်မောကျတဲ့ အာနိသင် ရှိစေပြီး အမြန်အိပ်မောကျကာ အပန်းပြေ စေပါတယ်။
(၁၀) ကလေးဘဝဆိုတာ သင့်အတွက် ဘေးကင်းလုံခြုံတဲ့ ဘဝအစိတ်အပိုင်းပါ။ ဒီခံစားချက်လေး ပြန်ရချင်တယ်ဆိုရင် ကလေးပေါင်ဒါမှုန့် လိမ်းလိုက်ပါ။ ဦးနှောက်ထဲမှာ ဓာတ်တုံ့ပြန်မှုဖြစ်ပြီး အပန်းပြေစေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top