Healthy Life Ad
Health Tips

အိပ်ရေးပျက်ခြင်း၏ အန္တရာယ်များ

အမေရိကန် လူဦးရေ သန်း60 က နာတာရှည် အိပ်စက်မှုဝေဒနာ ခံစားနေရတယ် ဆိုတာ သင်သိပါရဲ့လား။ အရွယ်ရောက်သူ 40 ရာခိုင်နှုန်းနီးပါးက တစ်လမှာ အနည်းဆုံး တစ်ကြိမ်ဆိုသလို အကြောင်းရင်းမရှိဘဲ အိပ်ရေးပျက် နေကြပါတယ်။ တစ်ပတ်လောက် အိပ်ရေးပျက် ရင်တောင် မျိုးဗီဇရဲ့ လုပ်ဆောင်နိုင်စွမ်း ပြောင်းလဲသွားပြီး စိတ်ဖိစီးမှုများကာ ခန္ဓာကိုယ် ရောင်ရမ်းမှုတွေ ဖြစ်တတ်ပါတယ်။

– ပူပင်စိတ် ပိုများလာခြင်း
အိပ်ရေးပျက်တာကြောင့် ဦးနှောက်ရဲ့ ကြိုတင်မှန်းဆ ပူပင်တတ်တဲ ့တုံ့ပြန်မှုကို ပိုများလာစေပြီး ပူပင်စိတ်တိုး လာပါတော့တယ်။

– စိတ်ဓာတ်ကျနှုန်း ပိုများလာခြင်း
အိပ်ရေးပျက်တာကြောင့် စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ နျူရိုထရန်စမစ်တာ အစွမ်း လျော့ကျ သွားစေပါတယ်။

– တွေးခေါ် မြော်မြင်နိုင်စွမ်း မကောင်းခြင်း
အိပ်ရေးပျက်လွန်းရင် မှတ်ဉာဏ် ထိခိုက်ကာ ပြန်လည်စဉ်းစား သုံးသပ်နိုင်စွမ်း လျော့ကျ သွားတတ်ပါတယ်။

– လေဖြတ်နိုင်စွမ်း များခြင်း
အိပ်ရေးပျက်တာကြောင့် ဦးနှောက်ဆီ သွေးစီးဆင်းမှု လျော့ကျပြီး နှလုံးသွေးကြော ကျန်းမာရေး ထိခိုက်ရတတ်ပါတယ်။

– ခန္ဓာကိုယ်၏ ဇီဝနရီ ထိခိုက်ခြင်း
အိပ်ရေးပျက်တာကြောင့် သွေးဖြူဥ ကျန်းမာရေး မကောင်းရာက စိတ်ဖိစီးမှုအပေါ် ခန္ဓာကိုယ်ရဲ ့တုံ့ပြန်မှု လျော့ကျ သွားပါတော့တယ်။

– အစာကို အလွန်အကြူးစားချင်စိတ် ဖြစ်ခြင်း
အိပ်စက်အနားယူတာက ဆာလောင်မှုဖြစ်စေတဲ့ ဂရီလင်ဟော်မုန်းနဲ့ ဗိုက်ပြည့်စေတဲ့ လက်ပ်တင်ဟော်မုန်းတွေကို ဟန်ချက်ညီမျှ စေပါတယ်။ အိပ်ရေးပျက်တာကြောင့် ဆာလောင်စေတဲ့ ဂရီလင်ဟော်မုန်း တိုးကာ ဗိုက်ပြည့်စေတဲ့ လက်ပ်တင်ဟော်မုန်း လျော့ကျ သွားတတ်ပါတယ်။

– သွေးတိုးနိုင်ခြေများခြင်း
တစ်ညမှာ 5 နာရီနဲ့ 6 နာရီကြား အိပ်စက်တာကြောင့် သွေးတိုးနိုင်ခြေများပါ တယ်။

– နှလုံးရောဂါ အန္တရာယ်များခြင်း
အိပ်တဲ့အခါ သွေးတိုးကျ သွားပါတယ်။ ညဘက်မအိပ်တာကြောင့် သွေးဖိအားကို မထိန်းချုပ်နိုင်တာက နှလုံးရောဂါ အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။

– ဆီးချိုဖြစ်နိုင်ခြေ မြင့်မားခြင်း
အိပ်ရေးပျက်တာကြောင့် စိတ်ဖိစီးမှုကို တုံ့ပြန်နိုင်စွမ်းများပြီး စိတ်ဖိစီးမှု ဟော်မုန်းကော်တီစောနဲ့ နော်အက်ပီနက် ဖရင်ထွက်နှုန်း မြင့်မားစေပါတယ်။ ဒါတွေက အင်ဆူလင် Resistance ဖြစ်တာနဲ့ ဆက်စပ်နေတဲ့အတွက် ဆီးချိုဖြစ်နိုင် ခြေများရတာပါ။

(Def; HC)

Most Popular

Healthy Life Ad
To Top