Healthy Life Ad
Child

အားဆေးထိုးခြင်းနှင့် အားဆေးသောက်ခြင်း ကွာခြားချက် သိပ်မရှိ

ယခင်က အားဆေးထိုးမှ အားရှိသည်ဟူသော အယူအဆတစ်ရပ် လူအများကြား ပျံ့နှံ့ခဲ့ရာ အားဆေးထိုးခြင်းနှင့် အားဆေးသောက်ခြင်းသည် အမှန်တကယ်တွင် ကွာခြားချက် သိပ်မရှိကြောင်း ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ဆိုသည်။

“အားဆေးထိုးတာနဲ့ အားဆေးသောက်တာက အမှန်တကယ်တော့ သိပ်မကွာပါဘူး။ အားဆေးထိုးတယ် ဆိုတာက ဂလူးဂို့စ် (Glucose) ပါတယ်၊ နောက B1,B6,B12 အစရှိတာတွေ ထိုးကြပါတယ်။ လောလောဆယ်မှာ ဖျားတယ်၊ အရမ်းကို အားနည်းနေတယ်။ အစားအသောက်ကိုလည်း ပြန်မစားနိုင်သေးဘူး… အစရှိတဲ့ အခြေအနေတွေမှာသာ ထိုးပေးပါတယ်။ လူကြီးဖြစ်လို့ တစ်ပတ်တစ်ခါ အားဆေးကို မှန်မှန် ထိုးသင့်တယ်လို့လည်း မရှိပါဘူး။ အစားအသောက်ကို ကောင်းကောင်းစားနေနိုင်သေးရင်၊ ကျန်းမာနေရင်မလိုပါဘူး။ လူကြီးတစ်ယောက်က သွားသွားလာလာ စားစားသောက်သောက် ရှိနေရဲ့သားနဲ့ အားရှိနေအောင် အားဆေးထိုးဖို့မလိုပါဘူး။ အားဆေးပုလင်းတွေ ချိတ်တာကိုလည်း လုပ်ဖို့မလိုပါဘူး။ အားဆေးထိုးဆေးက ရေရယ်၊ ဂလူးဂို့စ်ရယ်၊ ဗီတာမင်တွေရယ်ပဲ အဓိကပါတာပါ။ အဲဒါတွေက သောက်ဆေး သောက်တာနဲ့လည်း အတူတူတွေပါပဲ”ဟု ပါမောက္ခဦးကိုကိုက ပြောသည်။

Most Popular

Healthy Life Ad
To Top