Healthy Life Ad
International

အရေပြား ကင်ဆာအတွက် တတိယအကြိမ် ကုသမှုခံယူခဲ့ရသည့် ဟျူးဂျက်မန်းက နေပူခံလိမ်းဆေး လိမ်းကြရန် တိုက်တွန်း

၊ မိုးမင်းထွန်း ၊

X-Men ရုပ်ရှင်သရုပ်ဆောင် ဟျူးဂျက်မန်းဟာ သုံးကြိမ်မြောက် အရေပြားကင်ဆာ ကုသမှုကို ဒီနှစ်အတွင်းမှာ ခံယူခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ X-Men ရုပ်ရှင်သရုပ်ဆောင်ဟာ မကြာသေးခင်က အရေပြား ဆဲလ်ကင်ဆာအတွက် ကုသမှုခံယူခဲ့ပြီး အခုအခါမှာ လုံးဝသက်သာသွားပြီလို့ မင်းသားရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

၄၆နှစ်ရှိပြီဖြစ်တဲ့ သြစတြေးလျမင်းသား ဟျူးဂျက်မန်းဟာ လွန်ခဲ့တဲ့နှစ်ကြိမ်က ဒီရောဂါမျိုး ဖြစ်ပွားခဲ့ဖူးပြီး သူ့နှာခေါင်းက ကင်ဆာဆဲလ်တွေကို ဖယ်ရှားခဲ့ရပါတယ်။

အရေပြားဆဲလ်ကင်ဆာဟာ အမေရိကန်ပြည်ထောင်စုမှာ အများဆုံးဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒါပေမဲ့ လျင်လျင်မြန်မြန် ကုသမှုမခံယူရင်တော့ ပုံပျက်ပန်းပျက် ဖြစ်သွားစေနိုင်တယ်လို့ အရေပြားကင်ဆာ ဖောင်ဒေးရှင်းအဖွဲ့မှ သတိပေးထားပါတယ်။ ကုသမှုတွေ ပြုလုပ်ပြီးကတည်းက ဂျက်မန်းက နေရောင်အကာအကွယ်တွေ အသုံးပြုဖို့နဲ့ ပုံမှန်ဆေးစစ်မှုတွေ ပြုလုပ်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။”နေရောင်ခံ လိမ်းဆေးတွေ လူတိုင်းလိမ်းကြပါ”ဆိုတဲ့ တိုက်တွန်း စာသားနဲ့အတူ သူရဲ့ခွဲစိတ်ပြီးစ ပလာစတာကပ်ထားတဲ့ နှာခေါင်းပုံကို Instagram မှာ တင်ခဲ့ပါတယ်။

မကြာသေးမီက သတင်းစာတစ်စောင်နဲ့ တွေ့ဆုံရာမှာ ဂျက်မန်းက အရင်တုန်းကသူဟာ လူအများစုလိုပဲ နေရောင်ခံ လိမ်းဆေးတွေလိမ်းဖို့နဲ့ ပုံမှန် ဆေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးတယ်လို့ မခံယူခဲ့မိကြောင်း၊ ဒါပေမဲ့ အခုအခါမှာ အရေပြားကင်ဆာရောဂါကို ဒီလို အလေ့အကျင့်ကောင်းတွေနဲ့ အလွယ်တကူ ကာကွယ်နိုင်တယ်ဆိုတာကို သဘောပေါက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

(Ref;Fox)

Most Popular

Healthy Life Ad
To Top