Healthy Life Ad
Health Tips

အငန်ပေါ့ဟင်းအတွက် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီး အနံ့အရသာတိုးစေရန် စီစဉ်သင့်

အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်

အငန်ပေါ့ပေါ့ စားသင့်သော သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူတို့သည် အငန်ပေါ့သော ဟင်းအမျိုးမျိုး ချက်ရာတွင် ဆား၊ အချိုမှုန့် စသည်တို့အစား အနံ့အရသာ တိုးစေရန် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ချက်သင့်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

အမဲသားချက်ရင် ကရဝေးရွက်၊ ငရုတ်ကောင်း၊ ဖာလာစေ့၊ တရုတ် မဆလာ၊ ဟင်းမွှေး မဆလာ၊ ငရုတ်သီးစိမ်း၊ ချင်း(ဂျင်း)၊ မုန်လာစေ့၊ သင်္ဘောဒန့်သလွန်စေ့၊ ငရုတ်ကောင်းစေ့၊ စမုန်စပါး စတာတွေကို ထည့်ချက်နိုင်ပါတယ်။

ကြက်သားချက်ရင် တရုတ်မဆလာ၊ ဇီယာစေ့၊ ကြက်သွန်ဖြူ၊ အရောင်တင် ငရုတ်မှုန့်၊ တရုတ်နံနံ၊ ကြက်သွန်နီဥသေး စတဲ့ ဟင်းခတ် မဆလာတွေကို ထည့်ချက်နိုင်ပါတယ်။

ငါးချက်ရင် ပင်စိမ်း လတ်လတ်ဆတ်ဆတ်၊ ငရုတ်သီးစိမ်း၊ ဟင်းခတ် အမွှေးအကြိုင်တွေ၊ စမြိတ်ပင်၊ စမုန်နက်၊ ချက်ချင်းထောင်းထားတဲ့ ငရုတ်သီး၊ ချင်း (ဂျင်း)၊ အရောင်တင် ငရုတ်မှုန့်၊ တရုတ်နံနံ၊ အင်္ဂလိပ် မဆလာပင်၊ ကြက်သွန်နီ ဥသေး စတဲ့ ဟင်းခတ် မဆလာတွေကို ထည့်ချက်နိုင်ပါတယ်။

ဝက်သားချက်ရင် စမုန်စပါးပင်၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်းစေ့၊ ကလျာဏီပင်၊ စမုန်ဖြူ စတဲ့ ဟင်းခတ် မဆလာတွေကို သုံးရပါမယ်။

(ဆန်) ထမင်းချက်ရင် ဇီယာစေ့၊ ဇာဖရန်၊ ပူဒီနာ(ပူစီနံ) လတ်လတ်ဆတ်ဆတ်၊ ရှလကာရည် စတဲ့ ဟင်းခတ် မဆလာတွေကို ထည့်ချက် နိုင်ပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားထားသည်။

အငန်ပေါ့ပေါ့ ဟင်းသီးဟင်းရွက် ချက်လိုသော် လေးညင်းပွင့်၊ ဇီရာစေ့၊ ဇာဒိဗ္ဖိုလ်သီး၊ စမြိတ်ပင်၊ ငရုတ်ကောင်း အရောင်တင်ငရုတ်မှုန့်၊ တောရှုံးပင်၊ ဟင်းခတ် အမွှေးအကြိုင်ပင် တစ်မျိုး စသည့် ဟင်းခတ် မဆလာများကို သုံးသင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top