Healthy Life Ad
Health Tips

အချိန်တကူးတက ပေးစရာမလိုဘဲ လေ့ကျင့်ခန်း လုပ်ဖြစ်စေမည့် အလွယ်နည်းများ

၊ ငွေကြယ်စင်ယံ ၊

အလုပ်မအားလို့ အချိန်မပေးနိုင်တာ၊ လိုအပ်တဲ့ အားကစားပစ္စည်း၊ နေရာမရှိတာ၊ အသက်ကြီးတာ၊ ရောဂါရှိတာ စတဲ့ အကြောင်းပြချက်တွေနဲ့ လူအများစုက ကိုယ်လက်လှုပ်ရှားမှုကို မလုပ်ဖြစ်ကြပါဘူး။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ပေးမှသာ သက်ရှည်ကျန်းမာတဲ့ ကောင်းကျိုးရရှိမှာပါ။

– အလုပ်ကိစ္စ ရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပဲဖြစ်ဖြစ် ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားနဲ့ ဖြည်းဖြည်းချင်း တက်ပါ။

– တီဗီကြည့်တဲ့အခါ အဝေးထိန်းခလုတ် သုံးမယ့် အစား လက်နဲ့ အဖွင့်၊ အပိတ်လုပ်ပါ။

– ရေ၊ အစားအသောက်တွေကို ကိုယ့်အနီးမှာ အဆင်သင့်မထားဘဲ ကိုယ့်ဘာသာ ထယူတာမျိုး လုပ်ပါ။

– အိမ်မှာ အမှိုက်လှဲတာ၊ သန့်ရှင်းရေး လုပ်တာ၊ ဖုန်သုတ်တာ၊ သစ်ပင်ပန်းပင် ရေလောင်းတာတို့ကို ကိုယ်တိုင် လုပ်သင့်ပါတယ်။

– လမ်းလျှောက်နိုင်တဲ့ အကွာအဝေးကို လမ်းလျှောက် သွားသင့်ပါတယ်။

– ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်အစားဝတ်ပြီး လေ့ကျင့်ခန်း လုပ်ပါ၊ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စုပေါင်းလုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ရင် ရေရှည်လုပ်ဖြစ်လို့ ပိုကောင်းပါတယ်။

လေ့ကျင့်ခန်း လုပ်နေတုန်း အသက်ရှူ ကျပ်လာတာ၊ ရင်ဘတ် အောင့်လာတာ၊ အားနည်းလာတာ၊ ခေါင်းမူးတာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ ကြွက်တက်တာတို့ဖြစ်ရင် ချက်ချင်းရပ်ပြီး အနားယူရပါမယ်။ မသက်သာရင် နီးစပ်ရာ ဆရာဝန်ထံ ပြသပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရပါမယ်။ နေမကောင်း ဖြစ်တဲ့အချိန်တွေမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ ရောဂါရှိရင် သက်ဆိုင်ရာ ဆရာဝန်တွေထံ ပြသတိုင်ပင်ပြီး ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းကို ရွေးလုပ်သင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top