Healthy Life Ad
Health Tips

ကြက်ဥ/ဘဲဥသုံးပြီး မျက်နှာပေါင်းတင်ရအောင်

ကြက် ဥ/ဘဲဥကို အခွံခွာပြီး နံနက်စာ ချက်ပြုတ် ပြင်ဆင်နေချိန်မှာ ကြက်ဥ / ဘဲဥခွံ မှာ ကပ်နေတဲ့ အရည်ကိုယူပြီး မျက်နှာကို ပေါင်းတင်ကြည့်ရအောင်။

– မျက်အိတ် ဖောင်းနေလျှင်

ကြက်ဥ / ဘဲဥအကာကိုယူပြီး မျက်ခွံအောက်မှာ လိမ်းပေးပါ။ ခြောက်သွေ့အောင် ထားပြီးမှ ရေနဲ့ဆေးကြောလိုက်ရင် မျက်အိတ် ဖောင်းတာကို သက်သာ လျော့ပါးစေပါတယ်။

– ဆံပင် စတိုင်ကျလိုလျှင်

ကြက်ဥ / ဘဲဥ အကာအရည်ကိုယူပြီး ဆံပင်အဖျားတွေကို သုတ်လိမ်းပေးလိုက်ရင် ဆံပင်လိမ်းဂျဲလ် လိမ်းထားသလို သေသပ် လှပစေမှာပါ။

ခေါင်းလျှော်ခါနီးတိုင်း ဆံပင်ကို ကြက်ဥ / ဘဲဥ တစ်လုံးလုံးသုံးပြီး သုတ်လိမ်းကာ ပေါင်းတင်ပေးပါ။ ဆံပင်သား ထိခိုက်နွမ်းနယ် ခြောက်သွေ့မှု လျော့ကျစေပြီး ဆံပင်သား သန်စွမ်းလှပ ကြည့်ကောင်းစေပါတယ်။

– အဆီပြန်သော အသားအရေရှိလျှင်

ကြက်ဥအကာကို မျက်နှာပေါ် သုတ်လိမ်းပေးပြီး ခြောက်သွေ့တဲ့အခါ ရေနဲ့ဆေးကြောပေးလိုက်တာက အသားအရေကို အဆီပြန်တာ လျော့ပါးစေတဲ့ နည်းလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top