Healthy Life Ad
Child

သင့်ကလေး ထက်မြက် ၊ အောင်မြင်လာစေရန် ပြုစုပျိုးထောင်နည်းများ-၄

ပါမောက္ခဒေါက်တာ နီလာကြူ ( စိတ်ပညာပညာရှင် ပါမောက္ခ ဌာနမှူး၊ စိတ်ပညာဌာန ရန်ကုန်နှင့်တွေ့ဆုံဆွေးနွေးခြင်း)

ကလေးတွေ လိမ္မာထက်မြက်ပြီး အောင်မြင်တဲ့ လူကြီးလူကောင်းတွေ ဖြစ်လာစေဖို့ ကိုယ်ရည်ကိုယ်သွေး (Personality)၊ ဉာဏ်ရည် ( Intelligent)နဲ့ လုပ်ချင်ကိုင်ချင်စိတ်စေ့ဆော်အား (Motivation)တွေလိုအပ်ပါတယ်။ အဲဒီမှာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဘယ်ဟာက ပိုအရေးပါသလဲဆိုတော့ သုတေသန တွေ့ရှိချက်တွေအရ မျိုးရိုးရော ပတ်ဝန်းကျင်ပါနှစ်မျိုးစလုံး အရေးကြီးတယ် လို့ပြောနိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး (Personality)အပေါ်မှာ မျိုးရိုးဗီဇက ဘယ်လောက် အရေးပါသလဲဆိုတာကို ပိုပြီးတိတိကျကျပြောနိုင်လာပါပြီ။ ထိရောက်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးမှာ မျိုးရိုးကဘယ် လောက် လွှမ်းမိုးသလဲဆိုရင် ၄၀နဲ့၆၀ ရာခိုင်နှုန်းကြား၊ အတိကျဆုံးပြောရရင် ၃၉ ရာခိုင်နှုန်းကနေ ၅၈ရာခိုင်နှုန်းကြားမှာ လွှမ်းမိုးသက်ရောက်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးက ငါးမျိုးရှိတဲ့အတွက် အဲဒီကိုယ်ရည်ကိုယ်သွေး ငါးမျိုး အပေါ်မူတည်ပြီး မျိုးရိုးက ဘယ်လောက်လွှမ်းမိုးသလဲဆိုတာကိုတောင်       အသေးစိတ်ပြောလာနိုင်ပါတယ်။

(၁) Extrasion – ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေဟာ သွက်လက်တယ်၊ ဆက်ဆံရေး ကောင်းတယ်၊ ထပ်တိုက်ရင်ဆိုင်ရဲတယ်၊ ဖော်ဖော်ရွေရွေနေတတ်တယ်၊ စကားများတယ်၊ဒီအကျင့်စရိုက်အပေါ်မှာ မျိုးရိုးက ၅၃ ရာခိုင်နှုန်း လွှမ်းမိုးပါတယ်။

(၂) Conscientiousness – ကိုယ်ရည်ကိုယ် သွေးမြင့်သူတွေဟာ ဂရုတစိုက်နေတတ်တယ်၊ စနစ်ကျတယ်၊ ပန်းတိုင်ထားတယ်၊ ပန်းတိုင်ကိုလည်း ရောက်အောင်သွားတယ်၊ တာဝန်သိစိတ်  ရှိတယ်၊ ဒီအကျင့်စရိုက်အပေါ်မှာ မျိုးရိုးရဲ့ အရေးပါမှုဟာ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

(၃) Agreeableness – ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေက ကြင်နာတယ်၊ စိတ်သဘောထား နူးညံ့တယ်၊ အများသဘောကို လိုက်လျောတယ်၊ ပူးပေါင်းလုပ်ဆောင်လိုတယ်၊ မှီခိုတတ်တယ်၊ဒီကိုယ်ရည်ကိုယ်သွေးအပေါ်မှာတော့ မျိုးရိုးက ၄၁ ရာခိုင်နှုန်းလွှမ်းမိုးပါတယ်၊

(၄) Openness to Experience – Personality (ကိုယ်ရည်ကိုယ်သွေး) မြင့်သူတွေကတော့ စပ်စုတယ်၊ စွန့်စားတယ်၊ တစ်သမတ်တည်းသွားတယ်၊ ဆန်းသစ်တီထွင်တယ်၊ ဖန်တီးတယ်၊ အနု ပညာကိုတန်ဖိုးထားတယ်၊ အလှအပကို နှစ်ခြိုက်တယ်၊ အမြဲတမ်း စဉ်းစားတွေးတောနေရတာကို သဘောကျတယ်၊ ဒီ (Presonality) အပေါ်မှာ မျိုးရိုး ဗီဇက ၆၁ ရာခိုင်နှုန်းလွှမ်းမိုးတယ်၊

(၅) Neuroticism -မြင့်သူတွေက စိုးရိမ်စိတ်ကြီးတယ်၊ ကြောက်စိတ်ကြီးတယ်၊ စိတ်အပြောင်းအလဲ မြန်တယ်၊ မနာလိုစိတ်ကြီးတယ်၊ သဝန်တိုတယ်၊ လိုဘမပြည့်ဘူး၊ အထီးကျန်တယ်၊ ဒီစရိုက် လက္ခဏာအပေါ်မှာ မျိုးရိုးရဲ့အရေးပါမှုက ၄၁ ရာခိုင်နှုန်းရှိပါတယ်။

လူတစ်ယောက်ရဲ့ဉာဏ်ရည်(IQ)နဲ့ ပတ်သက်ပြီး မျိုးရိုးက ဘယ်လောက်အရေးပါလဲဆိုတာကိုတော့ (Personality) လောက်တော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ အကြမ်းအားဖြင့် မျိုးရိုးက (IQ) ပေါ်မှာ ၅၀ ရာခိုင်နှုန်းလွှမ်းမိုးပြီး ပတ်ဝန်းကျင်က ၂၅ ရာခိုင်နှုန်းလွှမ်းမိုးတယ်လို့ဆိုပေမယ့် ကျန်တဲ့ အပိုင်းတွေကတော့ ရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။

ကလေးတစ်ယောက် လိမ္မာထက်မြက်ပြီး အောင်မြင်တဲ့ လူကြီးလူကောင်းဖြစ်လာဖို့ရာမှာ မျိုးရိုးကော ပတ်ဝန်းကျင်ပါ အရေးကြီးတာမှန်ပေမယ့် မျိုးရိုးကို မထိန်းချုပ်နိုင်ပါဘူး။ လူဆိုတာမိဘကို ရွေးချယ်ခွင့် မရတဲ့အတွက် ပတ်ဝန်းကျင်ကနေ လှုံ့ဆော်ပေးတာက အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်လာ ပါတယ်။

ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ကောင်းမွန်ဖို့ အပါအဝင် ဘက်စုံဖွံ့ဖြိုး ဖို့အတွက်ဆိုရင် ပံ့ပိုးပေးဖို့ အကောင်းဆုံးအချိန်က အစောပိုင်း အရွယ်ကာလဖြစ်တဲ့အတွက် အဲဒီအ ရွယ်မှာ ကလေးကို များများ လှုံ့ဆော်ပေးတယ်၊ ဂရုစိုက်ပံ့ပိုးပေးတယ်ဆိုရင် ကိုယ်ရည်ကိုယ်သွေး ကောင်းတဲ့ကလေး၊ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်လာနိုင်ပါတယ်။ အသက်အရွယ်အရ သန္ဓေသားဘဝ ကနေ သုံးနှစ်အတွင်း အလွန်အရေးပါပါတယ်။ မွေးကင်းစကလေးတွေရဲ့ ဦးနှောက်မှာ နျူရွန်တွေ သန်း ထောင်နဲ့ချီပြီးပါလာတယ်၊ အဲဒီနျူရွန်တွေက သုံးရင်သုံး၊ မသုံးရင်သေသွားပါတယ်။သုံးတယ် ဆိုတာ အာရုံခံအင်္ဂါတွေကနေတစ်ဆင့် တစ်ခုခု လှုံ့ဆော်မှုရတော့မှ Chemical Electrical လှိုင်းတွေက ပတ်စီးပြီး အလုပ်လုပ်သွားတာဖြစ်ပါတယ်။ ဥပမာပြောရရင် လှုံ့ဆော်မှုမရရင်        အမြင်ဆိုင်ရာကို ထိခိုက်မှုရှိ၊မရှိဆိုတာကို သိဖို့ကြောင်လေးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ကြောင်လေးကို မွေးမွေးချင်းမျက်လုံးကို ပတ်တီးနဲ့စည်းပြီး ပိတ်ထားလိုက်ပါတယ်။နှစ်ပတ်ပြည့်တော့ ပြန်ဖွင့် လိုက်တဲ့အခါ ပြင်ပနဲ့ထိတွေ့ခွင့်လှုံ့ဆော်မှုမရတဲ့အတွက် မျက်စိက မမြင်တော့ဘူး၊အသက် ကြီးတဲ့ကြောင်တွေကို နှစ်ပတ်မျက်လုံးစည်းပြီး ပိတ်ထားရင် အဲဒီလိုမဖြစ်ပါဘူး။ လူဆိုရင်လည်း အဲဒီလိုပါပဲ။ လိုက်မလုပ်ကြည့်နဲ့၊ သေချာပေါက် ထိခိုက်ပါတယ်။ တချို့နိုင်ငံတွေမှာ ဆယ်ကျော်သက် မိဘတွေက မလိုချင်ဘဲ ရလာတဲ့ ကလေးလေးကို ပုခက်ထဲမှာ၊ အခန်းထဲမှာခြံခတ်ပြီး ထည့်ထား၊ ကျွေးချင်တဲ့ အချိန်မှကျွေး၊ ကိုယ်လုပ်ချင်ရာ လုပ်နေ၊ ပတ်ဝန်းကျင်နဲ့ ဘာမှအထိအတွေ့ပေးမလုပ်. . ဒီလို နဲ့ ကလေးဟာ ၄-၅ နှစ်နေမှ ဘေးအိမ်က သိပြီး တိုင်လို့ သွားကြည့်ကြမှသာ သိကြရတာက အဲဒီ က လေးလေးကဖွံ့ဖြိုးမှုဘက်စုံ အားနည်းသွားတယ်၊ လမ်းတောင်ကောင်းကောင်းမလျှောက် တတ်တော့ပါဘူး၊ အသေအချာ ပြန်လည်လေ့ကျင့်ပေးရင်တောင် မမှီတော့ပါဘူး။ ဒါကြောင့် ကလေးတစ်ယောက် ဉာဏ်ရည်ဖွံ့ဖြိုးဖို့၊ သိမှုဖွံ့ဖြိုးဖို့၊ လူမှုရေးဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးဖို့ဆိုရင် အစောပိုင်းကတည်းက ကလေးကို ထိန်းကျောင်းတဲ့မိဘ ဒါမှမဟုတ် ကလေးကိုပြုစု စောင့်ရှောက်သူတွေက အလွန်အရေ းကြီးပါ တယ်။

ကလေးကို ပြုစုစောင့်ရှောက်တဲ့ မိဘက ကလေးငိုတိုင်း သေးစိုလို့လား၊ ဗိုက်ဆာလို့လား၊ နေကောင်းလို့လားဆိုပြီး အစစအရာရာ ဂရုစိုက် စောင့်ကြည့်ပြီး ကောင်းကောင်း ပံ့ပိုးမှုပေးနိုင်ရင် အဲဒီကလေးက မိခင်အပေါ်တွယ်တာမှု၊ သံယောဇဉ်ချည်နှောင်သွားတယ်၊ ကိုယ့်ကိုဂရုစိုက်မှု ရှိတဲ့အတွက် လုံခြုံစိတ်ချသွားတယ်၊ ဒါကြောင့် တစ်ခုခုကို စမ်းလုပ်ကြည့်တယ်၊ အောင်မြင်တော့ ပျော်ရွှင်တယ်၊ ချီးကျူးတော့လုပ်ရဲလာတယ်၊ပိုပြီး တီထွင်လာတယ်၊ အမှီအခိုကင်းလာတယ်၊ စနစ် တကျလုပ်တတ်လာတယ်၊ ဒီလိုနဲ့ကိုယ်ရည်ကိုယ် သွေးကောင်းတဲ့ အကျင့်စရိုက်တွေ စဖွံ့ဖြိုးလာ ပါတယ်။ ကလေးတစ်ခုခုဖြစ်တိုင်း မိဘက ပစ်ထားလိုက်ရင် ကလေးက မလုံခြုံတော့ဘူး၊ “ ငါ ငိုလည်း မရပါလား၊ ငါ ဗိုက်ဆာနေလည်း မကျွေးပါလား ”ဆိုပြီး ကလေးက မိဘအပေါ် တွယ်တာတဲ့ သံယောဇဉ်မရှိတော့ဘူး၊ အဲဒီအခါ မလုံခြုံတော့ဘဲ မိခင် ဒါမှမဟုတ် စောင့်ရှောက် သူက ကိုယ့်ကိုစွန့်ပစ်သွားမှာ၊ မုန်းသွားမှာ၊ အပြစ်ပေးခံရမှာ ကြောက်တဲ့အတွက် ဘာမှ မလုပ်ရဲ၊ မလုပ်ရဲတော့ မအောင်မြင်၊ တစ်ခုခုဆို နောက်ဆုတ်၊ ရှောင်ပုန်း၊ စနစ်တကျ မလုပ်တတ်နဲ့ သူများကို အားကိုးမှီခိုတတ်တဲ့ အကျင့် စရိုက်က ဖွံ့ဖြိုးလာပြီး ကိုယ့်ဘာသာ ဘာမှမလုပ်နိုင်တော့ပါဘူး။

Most Popular

Healthy Life Ad
To Top