Healthy Life Ad
Health Tips

ဆေးလိပ်ဖြတ်နိုင်မည့် နည်းရှစ်သွယ်

၊ MMT ၊

ဆေးလိပ်ကို စမ်းသပ်ပြီး မသောက်ကြည့်ပါနဲ့။ ဆေးလိပ်စွဲတဲ့အခါ ဖြတ်ရ ခက်ခဲတတ်လို့ပါ။ ဆေးလိပ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံမက ရုပ်ရည်ကိုပါ အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။

(၁) တနင်္လာနေ့ ဒါမှမဟုတ် လဆန်းပိုင်းတွေမှာ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ သန္နိဌာန် ချမှတ်ကြိုးစားရင် ဆေးလိပ်ပြတ်နိုင်ခြေ များပါတယ်။

(၂) ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်း စွဲလမ်းစိတ်ကို လေ့ကျင့်ခန်းလုပ်တဲ့ နည်းနဲ့ ဖြေလျှော့သင့်ပါတယ်။

(၃) ဆေးလိပ်အနံ့ကို စွဲလမ်းစိတ် မထားပါနဲ့။ ဆေးလိပ်အနံ့က မကောင်းဘူးလို့ ဦးနှောက်က ထင်မြင် ယူဆတဲ့အခါ စီးကရက် သောက်ချင်စိတ် လျော့ပါးသွားတတ်လို့ပါ။

(၄) ယောဂကျင့်ပါ ဒါမှမဟုတ် စိတ်အပန်းပြေနိုင်အောင် အသက်ပြင်းပြင်း ရှူသွင်း / ရှူထုတ်တာ၊ တရားမှတ်တာ၊ တရားထိုင်တာ စတဲ့ နည်းတွေကို လုပ်ဆောင်ရင်း ဆေးလိပ်ဖြတ်ပါ။

(၅) သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တချို့ကို စားပေးပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စားရင် ဆေးလိပ် သောက်ချင်စိတ် လျော့ကျတတ်ပါတယ်။

(၆) အလေးမ လေ့ကျင့်ခန်း လုပ်ပေးပါ။

(၇) ဝါသနာပါတဲ့ အရာ (ဥပမာ- ပန်းချီ ဆွဲတာ၊ ကဗျာ ရေးတာ၊ စာ ရေးတာ၊ သစ်ပင ်စိုက်တာ) စတာ တွေကို လုပ်ဆောင်ပေးရင် ဆေးလိပ်သောက်ဖို့ မေ့လျော့ နေတတ်ပါတယ်။

(၈) စီးကရက်အကြောင်း လုံးဝ မတွေးတောပါနဲ့။ လက်ကြားထဲမှာ ဘောပင် ညှပ်ထားပေးပါ။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် ရရှိနိုင်သော ကျန်းမာရေးအန္တရာယ်

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

– ဘန်ဇိုပရင်း

စီးကရက်ထဲမှာ တွေ့ရတဲ့ ဘန်ဇိုပရင်းကို ကျောက်မီးသွေးထဲမှာလည်း တွေ့ရပြီး ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

– ဖော်မယ်ဒီဟိုက်

သေတဲ့ တိရစ္ဆာန်တွေ မပုပ်သိုးအောင် လုပ်ဆောင်တဲ့ ဖော်မယ်ဒီဟိုက်ဟာ စီးကရက်ထဲမှာလည်း ပါဝင်နေပါတယ်။

– ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်

ကြွက်အဆိပ်ထဲမှာ ထည့်သွင်းလေ့ရှိတဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်က စီးကရက်ထဲမှာ ပါဝင်ပါတယ်။

– အမိုးနီးယား

ကြမ်းခင်းနဲ့ အိမ်သာဆေးတဲ့ သန့်စင်ဆေးရည်ထဲမှာ အမိုးနီးယားဓာတ် ပါဝင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top