Healthy Life Ad
Health Tips

ဒိန်ချဉ်ဖျော်ရည်

ပါဝင်သော ပစ္စည်းများ

– လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီး ၁၀ လုံး၊

– ဒိန်ချဉ် အလွတ်တစ်ခွက်၊

– ပဲနို့ တစ်ခွက်၊

– ငှက်ပျောသီး တစ်လုံး

ပြုလုပ်ရန်

ဒိန်ချဉ်၊ ပဲနို့နဲ့ ငှက်ပျောသီးတွေကို မွှေစက်ထဲ ထည့်မွှေလိုက်ပါ။ ပြီးမှ စတော်ဘယ်ရီသီး ထည့်ပါ။

ဒိန်ချဉ်ဖျော်ရည်၏ ကျန်းမာရေး ကောင်းကျိုးများ

– အရိုးပါး/အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

– သွေးတိုးတဲ့ အန္တရာယ်ကို လျော့ကျစေပြီး သွေးဖိအား ပုံမှန်ထိန်းပေးနိုင်ပါတယ်။

– ကယ်လ်စီယမ်ပါဝင်မှု များတဲ့အတွက် အရိုး၊ အဆစ်နဲ့ ကြွက်သားတွေ သန်စွမ်းစေပါတယ်။

– စွမ်းအင်ပြည့်ကာ လန်းဆန်းနေစေပါတယ်။

Most Popular

Healthy Life Ad
To Top