Healthy Life Ad
Health Tips

အန်ခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

အစာ၊ ဆေး၊ အနံ့ စတာတွေနဲ့ မတည့်တာ၊ မသန့်တဲ့ရေကို သောက်သုံးမိတာ၊ စားနေကျမဟုတ်တဲ့ အစားအသောက်တွေကို စားမိတာ၊ အစာအဆိပ်သင့်တာနဲ့ တချို့ရောဂါတွေကြောင့် အန်တာဖြစ်တတ်ပါတယ်။

အန်နေသူကို တွေ့ရှိလျှင် လုပ်ဆောင်ပေးနိုင်သော အချက်များ
– သက်သာသွားမှာပါဆိုပြီး အားပေးစကား ပြောပါ။
– ဘေးစောင်းအနေအထားမှာ လဲလျောင်းအနားယူခိုင်းပါ။
– နွေးနွေးထွေးထွေးထားပါ။
– ဓာတ်ဆားရည်ကို ဖြေးဖြေးချင်း တိုက်ပါ။
– အန်ပြီး ၂၄ နာရီအတွင်း အစာစားချင်စိတ်ဖြစ်ရင် ဆန်ပြုတ်၊ ပေါင်မုန့်၊ ခေါက်ဆွဲဆီချက်၊ အာလူးပြုတ် စတဲ့ အစာပျော့ပျော့တွေကို ကျွေးနိုင်ပါတယ်။
– အအန်မရပ်ဘဲ သတိလစ်မေ့မျောတဲ့ လက္ခဏာများ ဖြစ်ပေါ်လာရင် ဆေးရုံပို့ပါ။
– ရေတိုက်နိုင်သလို လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လိမ္မော်ရည်ကိုလည်း တိုက်ကျွေးနိုင်ပါတယ်။
– အန်တာက မရပ်ဘဲ ၂၄ နာရီကြာ အလွန်အမင်းအန်နေရင်၊ သတိလစ်မေ့မျောနေရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြပါ။
– အန်တဲ့အခါ သွေးပါနေရင်၊ အန်တဲ့ အရည်တွေက အစိမ်းရောင်သမ်းနေရင် ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top