Healthy Life Ad
Health Tips

စိတ်ခံစားမှုက သင့်ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေသလဲ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

– ဒေါသထွက်ခြင်း

သင် စိတ်တိုဒေါသထွက်လိုက်တာကြောင့် အသည်းကို အားနည်းစေနိုင်ပါတယ်။

– ပူဆွေးဝမ်းနည်းခြင်း

သင် ပူဆွေးဝမ်းနည်းတဲ့အခါ အဆုတ်ကို အားနည်းစေနိုင်ပါတယ်။

– ပူပင်သောကများခြင်း

သင် ပူပင်သောကများတဲ့အခါ အစာအိမ်ကို အားနည်းစေနိုင်ပါတယ်။

– စိတ်ဖိစီးမှုများခြင်း

သင့်မှာ စိတ်ဖိစီးစရာ ကိစ္စတွေများတဲ့အခါ နှလုံးနဲ့ ဦးနှောက်ကို အားနည်းစေနိုင်ပါတယ်။

– ကြောက်ရွံ့တုန်လှုပ်ခြင်း

သင့်အနေနဲ့ ကြောက်ရွံ့တုန်လှုပ်မှုတွေ ခံစားရတဲ့အခါ ကျောက်ကပ်ကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေစေဖို့ အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါလို့ အကြံကောင်းပေးချင်ပါတယ်။

* အမြဲတမ်း စိတ်ခံစားမှု ကောင်းနေစေမည့် နည်း ၇ သွယ် *

(၁) မျက်စိမှိတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ။ ဒီနည်းလမ်းကို ထပ်ခါထပ်ခါ ပြုလုပ်တာကြောင့် စိတ်ကြည်လင်ပြီး အတွေးအခေါ်ကောင်းတွေ ထွက်လာစေပါတယ်။

(၂) တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ အသက်ပြင်းပြင်းရှူတာ စတဲ့နည်းလမ်းတွေ လုပ်ဆောင်တာကြောင့် အာရုံကြောတွေကို သက်သာစေပြီး စိတ်အပန်းပြေစေပါတယ်။

(၃) မျှတကောင်းမွန်တဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်းနေတာကြောင့် ဘဝမှာအဖြစ်များတဲ့ ပြဿနာအများစုကို ဖြေရှင်းနိုင်စေပါတယ်။

(၄) အရက်၊ ဆေးလိပ်နဲ့ အဆင်သင့်အစာတွေကို ရှောင်တာကြောင့် စိတ်ရောခန္ဓာပါ ကျန်းမာလန်းဆန်း နေစေပါတယ်။

(၅) စိမ်းလန်းတဲ့ ပန်းခြံထဲမှာ လမ်းလျှောက်ပြီး လူတွေရဲ့ နိစ္စဓူဝ သွားလာလှုပ်ရှားမှုဟန်ပန်တွေကို လိုက်ကြည့်တာကြောင့် စိတ်သစ်လူသစ် ဖြစ်စေပါတယ်။

(၆) အနားယူပြီး ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်အောင် ကြိုးစားလိုက်ပါ။

(၇) ဒေါသထွက်တာ၊ ကြောက်ရွံ့တာ၊ ပူပင်သောကများတာနဲ့ ပူဆွေးတာ စတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာရင် နှလုံးခုန်နှုန်း မြန်တာ၊ လက်ဖဝါးတွေ ချွေးစေးပြန်တာ၊ အသက်ရှူမဝတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကိုယ့်စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ အမြန်ကြိုးစားသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top