Healthy Life Ad
International

ပုံပျက်နေသော သမီးငယ်မျက်နှာကို သရီးဒီနည်းပညာဖြင့် ပြန်တည်ဆောက်

၊.MMT.၊

အသက်နှစ်နှစ်အရွယ် ဗိုင်အိုလက်ပီးထရော့က်သည် မျက်နှာပုံပျက်သော ရှားရှားပါးပါးရောဂါစု (Tessier Facial Cleft) ခံစားနေရပြီး မျက်နှာအရိုးများ ပုံပျက်ခြင်း၊ နှာခေါင်းက အရိုးနု ပျောက်ဆုံးခြင်းနှင့် မျက်စိက ပုံမှန်အမြင်အာရုံ မရှိခြင်းတို့ ဖြစ်နေရရှာသည်။

ဗိုင်အိုလက်ခံစားနေရသည့် မွေးရာပါ ချို့ယွင်းချက်ပါ ရောဂါသည် အလွန်ရှားပါးသောကြောင့် ဆရာဝန်အများစုမှာ ထိုအခြေအနေကို ပြန်လည်ပြုပြင်ရန် အတွေ့အကြုံမရှိခဲ့ပေ။ သို့သော် ဘော့စတွန်အခြေစိုက် ပလက်စတစ်ဆာဂျင် ဒေါက်တာဂျွန်မဲလ်ရာသည် ပြီးခဲ့သော နှစ်အတော်များများက ဗိုင်အိုလက်ကဲ့သို့ မွေးရာပါ ချို့ယွင်းချက်ပါသည့် ကလေးများကို လေးကြိမ်တိုင် ခွဲစိတ်ပြုပြင်ပေးခဲ့ဖူးသည်။ သို့ဖြစ်၍ ဂျွန်မဲလ်ရာတို့အဖွဲ့သည် ဗိုင်အိုလက်၏ ဦးခေါင်းခွံအား သရီးဒီနည်းပညာသုံးပြီး ပုံစံတစ်ခု ပြန်လည် တည်ဆောက်ပေးခဲ့သည်။

ဗိုင်အိုလက်၏ မျက်စိနှစ်ခုကြား ဟနေသောနေရာကို ပြန်ဖြည့်ရန် သူမ၏ဦးခေါင်းခွံ အပိုင်းနှစ်ပိုင်းအား ထိစပ်ရာတွင် အခက်အခဲရှိသည်ကို သရီးဒီနည်းပညာဖြင့် ကျော်လွှားနိုင်ခဲ့သည်။

“ပုံမှန်အားဖြင့် အရေပြားဖုံးနေတဲ့ အရိုးတွေနဲ့ ကြွက်သားကာထားတဲ့ အစိတ်အပိုင်းတွေကို မမြင်နိုင်ပါဘူး။ သရီးဒီနည်းပညာသုံးလိုက်တော့ အရင်က မဖြစ်နိုင်ဘူးလို့ ထင်တဲ့ နည်းလမ်းတွေ လျော့ကျသွားပါတယ်”ဟု ဂျွန်မဲလ်ရာက ဆိုသည်။

ဗိုင်အိုလက်၏ မျက်နှာအရိုးကိုဖြတ်ပြီး သရီးဒီနည်းပညာ ပုံစံကိုသုံးကာ မျက်စိများ ထိစပ်ခြင်းနှင့် သူ့ဦးခေါင်းခွံရိုးကို ပုံမှန်အနေအထားဖြစ်စေရန် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

(Ref;MD)

Most Popular

Healthy Life Ad
To Top