Healthy Life Ad
Life Style

သုတ်လွှတ်မြန်သော ပြဿနာအတွက် သဘာဝ ကုထုံးနည်းများ

၊ ကေအမ် ၊

အိမ်ထောင်သည် အမျိုးသားတစ်ဦးဟာ အိမ်ထောင်ဖက်နဲ့ အတူနေစဉ် မျှော်မှန်းထားတာထက် ပိုပြီး မြန်မြန်သုတ်လွှတ်တာ ဒါမှမဟုတ် ဆက်ဆံမှု မစတင်ခင်မှာ သုတ်လွှတ်လိုက်တာကို သုတ်လွှတ် မြန်ခြင်း (Premature Ejaculation)လို့ ခေါ်ပါတယ်။ ဒါက အမျိုးသားတွေရဲ့ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ကြုံတွေ့နိုင်ပြီး အထူးသဖြင့် စိတ်ဖိစီးမှု့များတဲ့အခါ၊ စိတ်လှုပ်ရှားလွန်းတဲ့အခါနဲ့ ကျန်းမာရေး မကောင်းတာစတဲ့ အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ ကံကောင်းတဲ့ အချက်ကတော့ အမျိုးသားတွေရဲ့ သုတ်လွှတ်မြန်တဲ့ ပြဿနာကို အလွယ်ဖြေရှင်းနိုင်တဲ့ သဘာဝကုထုံးတွေ ရှိနေတာပါပဲ။

Kegel လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပါ
Kegel လေ့ကျင့်ခန်းလုပ်ဆောင်တာက အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ ဆီးအိမ်ကျန်းမာရေး အတွက်သာမက အမျိုးသားတွေရဲ့ သုတ်လွှတ်မြန်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။ Kegel လေ့ကျင့်ခန်း လုပ်ဆောင်တာကြောင့် အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက် ကြွက်သားတွေကို တောင့်တင်းသွားစေပြီး သုက်လွှတ်မြန်တဲ့ ပြဿနာ ဖြေရှင်းပြီး ဖြစ်သွားမှာပါ။ တစ်နေ့မှာ Kegel လေ့ကျင့်ခန်းကို သုံးကြိမ် လုပ်ဆောင်ပေးသင့်ပါတယ်။

– အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်သည့် လေ့ကျင့်ခန်း ပြုလုပ်ပါ
အမျိုးသားတွေ သုတ်လွှတ်မြန်ရတဲ့ အကြောင်းရင်းတစ်ခုက စိတ်လှုပ်ရှားလွန်းလို့ ဖြစ်ရတာပါ။ ဒါကြောင့် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ကာ သုတ်လွှတ်မြန်တဲ့ ပြဿနာကို ရပ်တန့်စေနိုင်ပါတယ်။ နှာခေါင်းကနေ အသက်ပြင်းပြင်း ရှူသွင်းပြီး သုံးစက္ကန့်ကြာထားကာ ပါးစပ်ကနေ ပြန်ရှူထုတ်ရမှာပါ။

– လေ့ကျင့်ခန်း လုပ်ပါ
အထွဋ်အထိပ်မရောက်ခင် လိင်တံအခြေကို စိတ်နဲ့ထိန်းချုပ်ပြီး ညှစ်လိုက်၊ လျှော့လိုက် သင်လုပ်နိုင်သလောက် လုပ်ဆောင်ပေးပါ။

– လိင်ဆက်ဆံမှု မပြုမီ အာသာဖြေပါ
ပထမဆုံးအကြိမ် လိင်ဆက်ဆံမှု့ ပြီးဆုံးသွားချိန်မှာ နောက်တစ်ကြိမ်အတွက် အဆင်ပြေနိုင်ခြေ များလာပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် သုတ်လွှတ်မြန်တဲ့ ပြဿနာမဖြစ်စေဖို့ အိမ်ထောင်ဖက်နဲ့ အတူမနေခင် Masturbation (ကိုယ့်ဘာသာ အာသာဖြေတာ)ကို လုပ်ဆောင်ပါ။

– မကြာခဏ လိင်ဆက်ဆံမှု ပြုလုပ်ပါ
လေ့ကျင့်တာက ပြီးပြည့်စုံစေတယ်ဆိုတဲ့ စကားက ဒီနေရာမှာ မှန်ပါတယ်။ သုတ်လွှတ်မြန်ရတဲ့ အကြောင်းရင်းရဲ့ အဓိကပြဿနာက စိုးရိမ်စိတ်များလို့ ဖြစ်ရတာကြောင့် စိတ်အေးအေး ထားသင့်ပါတယ်။

– အမည်းရောင် ချောကလက် စားပါ
အမည်းရောင် ချောကလက်မှာပါဝင်တဲ့ တချို့ ဒြပ်ပေါင်းတွေက အာရုံကြောစနစ်ကို ထိန်းချုပ်ပေးပြီး သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ အမည်းရောင် ချောကလက်ဟာ ဦးနှောက်ထဲက ဒိုပါမင်းဓာတ်ကို တိုးစေတာကြောင့် သင့်ကို ပျော်ရွှင်စေမှာပါ။ ပျော်ရွှင်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှု့တွေ လျော့ကျသွားမှာ ဖြစ်တဲ့အတွက် အဆင်ပြေ ကျေနပ်နှစ်သိမ့်မှု ရရှိလာပါလိမ့်မယ်။

– အထူးကွန်ဒုံး စွပ်ပါ
ဒီနေ့ခေတ်မှာ သုတ်လွှတ်မြန်တာကို ထိန်းချုပ်ပေးနိုင်မယ့် အထူးကွန်ဒုံးတွေကို ထုတ်လုပ်လာကြပါပြီ။ အဲဒီကွန်ဒုံးရဲ့ ထိပ်မှာ ဘန်ဇိုကိန်း ပါဝင်တာကြောင့် သုက်လွှတ်မြန်တဲ့ ပြဿနာ သက်သာစေပါတယ်။

– ဆေးလိမ်းပါ
သုက်လွှတ်မြန်တဲ့ ပြဿနာအတွက် Promescent အမည်ရှိ လိမ်းဆေးကို အမေရိကန် FDA လတ်တလောမှာ ခွင့်ပြုလိုက်ပါတယ်။ အိမ်ထောင်ဖက်နဲ့ အတူမနေခင် မိနစ်ပိုင်းအတွင်း လိမ်းလိုက်ရုံနဲ့ အဆင်ပြေ ကျေနပ်နှစ်သိမ့်မှု့ ရရှိတယ်လို့ ဆိုပါတယ်။ ဆေးကို အရေပြားက အမြန် စုပ်ယူလိုက်တာကြောင့် အိမ်ထောင်ဖက်အပေါ် ထိခိုက်မှု့လည်း မရှိပါဘူးတဲ့။

(Ref;HD)

Most Popular

Healthy Life Ad
To Top