Healthy Life Ad
Child

အိပ်ရင်း လမ်းလျှောက်တာက အန္တရာယ်ကင်းရဲ့လား

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အိပ်ရင်း လမ်းလျှောက်တာကြောင့် နှလုံးရောဂါထတာ (Heart Attack)၊ သတိလစ်မေ့မျောတာ စတာတွေကို ဖြစ်စေနိုင်တယ်ဆိုပြီး လူအများကြားမှာ ထင်မြင်နေကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။အိပ်ရင်း လမ်းလျှောက်တဲ့အခါ ဖြစ်တတ်တဲ့ တကယ့်အန္တရာယ်က ထိခိုက်ဒဏ်ရာရနိုင်တာပဲ ဖြစ်ပါတယ်။

“အိပ်ရင်း လမ်းလျှောက်တဲ့သူကို လန့်နိုးသွားအောင်ဆိုပြီး ထိတွေ့တာ၊ ပုတ်လိုက်တာနဲ့ အော်ဟစ်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်လိုက်ရင် သူတို့ဦးနှောက်ကို ထိခိုက်စေနိုင်လို့ပါ”လို့ အောက်စဖို့ဒ် အိပ်စက်မှုဆိုင်ရာစင်တာမှ ဦးနှောက်အာရုံကြောပညာရှင် ဒေါက်တာဇန်နိုဗီယာက ဆိုပါတယ်။

အိပ်ရင်း လမ်းလျှောက်နေတဲ့သူကို လန့်နိုး သွားအောင် လုပ်လိုက်တဲ့အခါ ရုတ်တရက် အန္တရာယ်ပြုတယ်လို့ ထင်သွားတတ်ပါတယ်။ အိပ်ရင်း လမ်းလျှောက်တယ်ဆိုတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ ဦးနှောက်ရဲ့ အရှေ့ဘက်ဆုံးအပိုင်းက နိုးကြားနေပါတယ်။ ဒီအချိန်မှာ အိပ်ရင်း လမ်းလျှောက်တဲ့သူ နိုးလာစေချင်ရင် သူဘာလုပ်နေတယ်ဆိုတာ သိအောင် သူ့ကိုညင်ညင်သာသာ စကားပြောပေးပြီး အိပ်ရာထဲကို ပြန်လည် ဆွဲခေါ်လာခဲ့ရပါမယ်။ သူ့ခန္ဓာကိုယ်ကို လုံးဝမထိဘဲ ခေါ်လာခဲ့ရမှာပါ။

အိပ်ရင်း လမ်းလျှောက်နေတဲ့ ကလေးတွေမှာတော့ ဒီနည်းကို မသုံးနိုင်ပါဘူး။ ကလေးတွေကို မလန့်စေဘဲ အိပ်ရာထဲကို ဆွဲခေါ်ချင်တယ်ဆိုရင် ကလေးတွေကို နိုးလိုက်မှ အဆင်ပြေပါတယ်။

Most Popular

Healthy Life Ad
To Top