Healthy Life Ad
Health Tips

ကွန်ပျူတာသမားတို့တွင် အဖြစ်များသည့် လက်ကောက်ဝတ်နာကျင်မှု့ဝေဒနာ မဖြစ်စေရန်

ဒီနေ့ခေတ် လုပ်ငန်းခွင်တွေက ကွန်ပျူတာကို အားထားလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာကို နေ့စဉ် အသုံးပြုရသူတွေ ပိုမိုများပြားလာတာနဲ့အမျှ လက်ကောက်ဝတ် အာရုံကြောကို ဖိမိလို့ဖြစ်ရတဲ့ လက်ချောင်းနာကျင်မှုဝေဒနာ (Carpal Tunnel Syndrome)ကလည်း အဖြစ်များလာပါတယ်။

Carpal Tunnel Syndrome ဆိုသည်မှာ

Carpal Tunnel Syndrome ဆိုတာ လက်ဖဝါးဘက် လက်ကောက်ဝတ်ရှိ အာရုံကြောဖိမိရာက လက်သန်းကလွဲပြီး လက်မ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်တစ်ခြမ်း စတဲ့အစိတ်အပိုင်းတွေ ထုံကျဉ်တာ၊ နာတာတို့ဖြစ်တဲ့ ရောဂါစုကို ခေါ်ပါတယ်။ ဒီရောဂါစုဖြစ်ရင် လက်မက လှုပ်ရှားရ ခက်ခဲတတ်ပါတယ်။ ဒါက လက်ကောက်ဝတ်အတွင်းက လက်ချောင်းတွေဆီကိုသွားတဲ့ အာရုံကြော (Medial Nerve) ဖိထားမိတာကြောင့်ဖြစ်ရတဲ့ အခြေအနေပါ။ အခုနောက်ပိုင်း ကွန်ပျူတာ စာစီစာရိုက်သူအများစုမှာ ဖြစ်လာတာကို တွေ့ရှိရတာကြောင့် ကွန်ပျူတာသမားတွေ ဒီရောဂါစုမဖြစ်အောင် ဆင်ခြင်သင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) ကွန်ပျူတာ စာစီစာရိုက်ချိန် ၂၅ မိနစ်ကြာတိုင်း သင့်လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်ကို အနားပေးရပါမယ်။

(၂) ကွန်ပျူတာစကရင်ကို မျက်စိနဲ့ တစ်တန်းတည်းမှာ ထားပြီးထိုင်ပါ။ သင့်ဒူးခေါင်းက တင်ပဆုံအဆစ်ထက် အနည်းငယ် ပိုနိမ့်နေရပါမယ်။

(၃) ကီးဘုတ်နဲ့ စာရိုက်တဲ့အခါ သင့်လက်တံတောင်ဆစ်က လက်ကောက်ဝတ်နဲ့ တစ်တန်းတည်း ရှိနေရပါမယ်။

(၄) ပခုံးတွေနဲ့ ကျောပြင်က သက်သောင့်သက်သာဖြစ်တဲ့ အနေအထားမှာ ရှိနေသင့်ပြီး လျှောမထိုင်သင့်ပါဘူး။

(၅) လက်ကောက်ဝတ်တွေကို ကွန်ပျူတာခုံပေါ်မှာ တည့်မတ်တဲ့ အနေအထားအတိုင်း ထားရပါမယ်။

(၆) လက်ကောက်ဝတ်တွေကို အချိန်ကြာကြာ ဆန့်တန်းတဲ့အနေအထား ဒါမှမဟုတ် ကွေးကောက်တဲ့ အနေအထားမှာ မထားသင့်ပါဘူး။ မကြာခဏ အနားပေးရပါမယ်။

(၇) ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတဲ့အတွက် ဆေးလိပ်ကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top