Healthy Life Ad
Health Tips

သွေးတိုးနေရင် ဘယ်လိုစားသောက်သင့်သလဲ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀ / ၉၀ mmHgနဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ခေါ်ပါတယ်။ သွေးတိုးရောဂါဖြစ်လာရင် အဓိကလက္ခဏာတွေအနေနဲ့ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ မျက်နှာအမ်းတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ဆင်ခြင်သင့်တဲ့ စားသောက်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူ စားပါ

ကြက်သွန်ဖြူ ဟာ သွေးတိုးရောဂါကို သက်သာစေတဲ့ သဘာဝဆေးတစ်လက်ပါ။

(၂) ဆားလျှော့စားပါ

သွေးတိုးနေသူတွေဟာ ဆားအပြင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ငါးပိရည်တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ သတ်မှတ်ချက်အရ အရွယ်ရောက်သူတစ်ယောက်က ဆား(Salt) တစ်နေ့၆ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း)စာ ပမာဏပဲစားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။

(၃) ရှာလကာရည် သုံးပါ

ရှာလကာရည်က ခန္ဓာကိုယ်ကို အယ်ကာလီမျှခြေဖြစ်စေတာကြောင့် သွေးတိုးကျစေပါတယ်။

(၄) ကော်ဖီ ရှောင်ပါ

သွေးတိုးနေချိန်မှာ ကော်ဖီရှောင်ပါ။

(၅) သခွားသီး စားပါ

နေ့တိုင်းလတ်ဆတ်တဲ့ သခွားသီးနှစ်တောင့်ခန့် စားပေးပါ။

†† အကြံပြုချက် . . .

– လေ့ကျင့်ခန်းလုပ်ခြင်း

သွေးတိုးရောဂါရှိသူတွေက ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အနည်းဆုံး တစ်နေ့မှာ မိနစ်၃၀-၆၀ခန့် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

– စိတ်ဖိစီးမှု လျှော့ချခြင်း

သွေးတိုးရှိသူတွေက စိတ်လှုပ်ရှားတဲ့အခါနဲ့ နေအရမ်းပူတဲ့အခါ သွေးတိုးပြီး မူးမေ့တာတွေ ဖြစ်တတ်တယ်။ ဒါက စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာပါ။ ဒီလိုမဖြစ်စေဖို့ စိတ်မလှုပ်ရှားအောင် တတ်နိုင်သမျှထိန်းချုပ်ရပါမယ်။ တရားထိုင်တာ၊ တရားမှတ်တာ စတဲ့နည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချပြီး စိတ်တည်ငြိမ်အောင် ထိန်းချုပ်သင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top