Healthy Life Ad
Health Tips

နောက်တစ်ကြိမ် နှုတ်ခမ်းအနာ မဖြစ်စေရန်

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

နှုတ်ခမ်းတစ်ဝိုက်က အနာတွေဟာ အလှကြိုက်တဲ့သူတွေအတွက် စိတ်ပျက်စရာကောင်းလှပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် နှုတ်ခမ်းအနာမဖြစ်စေဖို့ သတိထားသင့်တဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။

စိတ်ဖိစီးမှု့ကို လျှော့ချပါ။ စိတ်ဖိစီးမှု့များတာကြောင့် ခန္ဓာကိုယ်ရဲ့ ရောဂါပိုးမွှားတုံ့ပြန်နိုင်စွမ်းကို အနည်းဆုံး ဖြစ်သွားစေပါတယ်။

ပြင်းပြတဲ့ နေရောင်ခြည်ဒဏ်ခံရတာကြောင့် နှုတ်ခမ်းအနာ ပေါက်စေနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေဖို့ မျှတတဲ့အစားအသောက်စားပါ။ ကိုယ်ခံအားစနစ်ကောင်း နေမှသာ ခန္ဓာကိုယ်ကနေ ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

နှုတ်ခမ်းအနာပေါက်နေချိန်မှာ ဓာတုပစ္စည်းပါဝင်မှုများတဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ပါ။ အဲဒီအလှကုန်တွေကြောင့် နှုတ်ခမ်းအနာကို ပိုဆိုးစေနိုင်လို့ပါ။

နှုတ်ခမ်းအနာ လုံးဝပျောက်တဲ့အထိ နှုတ်ခမ်းနီမဆိုးသင့်ပါဘူး။

(Ref;HD)

Most Popular

Healthy Life Ad
To Top