Healthy Life Ad
Health Tips

မြန်မာလူမျိုးတို့၏ အဓိကနံနက်စာ မုန့်ဟင်းခါးအကြောင်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မြန်မာလူမျိုးအများစုဟာ နံနက်စာအနေနဲ့ မုန့်ဟင်းခါးကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ မုန့်ဟင်းခါးက မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။

– ဘယ်လို ကောင်းကျိုးရှိသလဲ

သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတဲ့ မုန့်ဟင်းခါးက မြန်မာလူမျိုးတွေ စားသင့်တဲ့အစာထဲမှာ ပါဝင်ပါတယ်။ ငါးနဲ့ချက်ထားရင် ပရိုတင်းဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။

– ဘယ်လောက်ပမာဏ စားသင့်သလဲ

သွေးတွင်း ကိုလက်စထရောများတဲ့သူတွေနဲ့ ဆီးချိုရောဂါရှိသူတွေက မုန့်ဟင်းခါးကို ငါးဖယ်၊ ဘဲဥအကာ စတာတွေနဲ့ စားလို့ရပါတယ်။ ဒါပေမဲ့ အကြော်၊ အနှစ်ပါတဲ့ဘဲဥ စတာတွေထည့်ပြီး မစားသင့်ပါဘူး။

– ဘယ်သူတွေ မစားသင့်ဘူးလဲ

ဆီးချိုရောဂါရှိတဲ့သူတွေက မုန့်ဟင်းခါးကို စားလို့ရပါတယ်။ ငါးဖယ်ထည့်စားနိုင်ပါတယ်၊ ဒါပေမဲ့ အကြော်ထည့် မစားသင့်ပါဘူး။ မုန့်ဟင်းခါးချက်တဲ့အခါ အချိုမှုန့် ဒါမှမဟုတ် ကြက်သားမှုန့် ထည့်လိုက်ရင် အဲဒီအချိုမှုန့်၊ ကြက်သားမှုန့်တွေနဲ့ မတည့်တဲ့အတွက် အန်တာ၊ ခေါင်းကိုက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိုမှုန့်၊ ကြက်သားမှုန့်တွေနဲ့ မတည့်တဲ့သူတွေ၊ ဆီးချိုရောဂါရှိသူတွေနဲ့ သွေးတိုးရောဂါရှိသူတွေဆိုရင်တော့ အချိုမှုန့်နဲ့ ကြက်သားမှုန့်မပါတဲ့ မုန့်ဟင်းခါးကို ရွေးစားသင့်ပါတယ်။

– ကယ်လိုရီ ဘယ်လောက်ပါသလဲ

မုန့်ဟင်းခါးတစ်ပွဲမှာ ကယ်လိုရီ ၁၆၀ ရှိပါတယ်။ အကြော်တစ်ခု ထည့်လိုက်မယ်ဆိုရင် ကယ်လိုရီ ၇၀ ထပ်တိုးသွားမယ်၊ ဘဲဥတစ်ခြမ်း ထည့်လိုက်ရင် ကယ်လိုရီ ၆၀ ထပ်တိုးသွားမယ်၊ အဲဒီတော့ မုန့်ဟင်းခါးကို အကြော်နဲ့ ဘဲဥနဲ့ စားလိုက်မယ်ဆိုရင် ကယ်လိုရီ ၂၀ဝ ကျော် ရရှိသွားပါတယ်။

Most Popular

Healthy Life Ad
To Top