Healthy Life Ad
Health Tips

ပုစွန်စားခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးကောင်းကျိုးများ

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

ယေဘုယျအားဖြင့်ပင်လယ်စာတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့သိထားပေမယ့် ပင်လယ်စာနဲ့ ဓာတ်မတည့်တာဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ပုစွန်ကတော့ လူအများအတွက်ဓာတ်မတည့်မှု ပြဿ နာနည်းတဲ့အပြင် အောက်ပါကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။

– သွေးအားနည်းရောဂါဖြစ်နှုန်းလျော့နည်းခြင်း
သွေးနီဥပမာဏအလုံအလောက်မရှိတဲ့အခြေအနေကို သွေးအားနည်းရောဂါလို့ခေါ်ပါတယ်။ ပုစွန်မှာသံဓာတ်နဲ့ ကိုဘက်လမင်း (ဗီတာမင် B) ပါဝင်တာကြောင့် အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်သယ်ပို့ပေးမယ့် သွေးတွင်းပါဝင်မှုပစ္စည်းတွေထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

– အရိုးသန်စွမ်းမှုရှိခြင်း
ပုစွန်တွေမှာ အရိုးကျန်းမာရေးအတွက်အရေးပါတဲ့ ဖော့စ်ဖရပ်စ်သတ္တုဓာတ်ပါဝင်ပါတယ်။ ကယ်လ် စီယမ်နဲ့တွဲဖက်ပြီး ဖော့စ်ဖရပ်စ်က အရိုးဆဲလ်ဖွံ့ဖြိုးမှုအတွက်သာမက အရိုးတစ်သျှူ းတွေသန်စွမ်းရေးအတွက်ပါ အားဖြည့်ကူညီနိုင်ပါတယ်။

– အသားအရေကို ကျန်းမာစေခြင်း
ပုစွန်မှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်တွေပါရှိတဲ့အတွက် အသားအရေကိုကျန်းမာလှပစေပါတယ်။ အင်တီအောက်ဆီးဒင့်က အသားအရေကိုနုပျိုတောက်ပစေပြီး ကိုယ်တွင်းနာတာရှည်ရောင်ရမ်းမှုတွေကို တွန်းလှန်ပေးတဲ့အပြင် နှင်းခူနဲ့ဝက်ခြံလိုအရေပြားပြဿ      နာတွေကို သက်သာစေပါတယ်။

– စိတ်ဓာတ်ကျဝေဒနာကို တွန်းလှန်နိုင်ခြင်း
ပုစွန်စားတာကြောင့် အိုမီဂါ၃ ဖက်တီးအက်စစ်ရရှိစေပါတယ်။ အိုမီဂါ၃ကို ငါး၊ ထောပတ်သီးနဲ့ အခွံမာသီးတွေထဲမှာလည်းတွေ့ရတဲ့အပြင် ဒီအကျိုးပြုအဆီဓာတ်တွေက စိတ်ခံစားချက်ကိုကောင်းမွန်စေကာ စိတ်ဓာတ်ကျတာကို တွန်းလှန်ပေးနိုင်ပါတယ်။

– သိုင်းရွိုက်လုပ်ငန်းဆောင်တာကောင်းမွန်ခြင်း
ကြေးနီဓာတ်ချို့တဲ့မှုကြောင့် သိုင်းရွိုက်ဝေဒနာအများစုဖြစ်ပေါ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပုစွန်မှာ ကြေးနီဓာတ်ပါဝင်တာကြောင့် သိုင်းရွိုက်ကျန်းမာရေးကို အားကောင်းစေပါတယ်။ ကြေးနီဓာတ်က အရိုး၊ နှလုံးနဲ့သွေးတွေအတွက်လည်း လိုအပ်တဲ့သတ္တုဓာတ်ပါ။

– ကင်ဆာကို တွန်းလှန်နိုင်ခြင်း
ကင်ဆာကို တွန်းလှန်ရာမှာ ကူညီပေးနိုင်တဲ့ သတ္တုဓာတ်အများအပြားရှိပြီး အဲဒီထဲက ဇင့်(သွပ်) ဓာတ်နဲ့ ဆီလီနီယမ်ဓာတ်ဟာ ပုစွန်ထဲမှာပါဝင်နေတာကို တွေ့ရပါတယ်။ ဒီသတ္တုဓာတ်နှစ်မျိုးစလုံး ဟာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးနိုင်တာကြောင့် အထူးသဖြင့် အမျိုးသားတွေအတွက် အကျိုးရှိပါတယ်။ ပုစွန်မှာ ကင်ဆာကို ဟန့်တားပေးနိုင်တဲ့ ဆာလဖာလည်းပါဝင်မှုများပါတယ်။

– စွမ်းအင်တိုးစေခြင်း
ပုစွန်မှာ ပရိုတင်းဓာတ်အများအပြားပါဝင်တာကြောင့် ကြွက်သားတွေကိုသန်စွမ်းစေရုံသာမက တစ်နေ့တာစွမ်းအင်လိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ ပုစွန်မှာနိုင်ယာစင်(ဗီတာမင် B)ပါဝင်တာကြောင့် ခန္ဓာကိုယ်ကသုံးနိုင်တဲ့အဆီမော်လီကျူ းတွေအဖြစ် ကူးပြောင်းပေးနိုင်စွမ်းရှိစေပါတယ်။

– မကောင်းသောကိုလက်စထရောကို လျော့ကျစေခြင်း
ပုစွန်မှာ ပြည့်ဝဆီပါဝင်တာမှန်ပေမယ့် ဒီပင်လယ်စာဟာမကောင်းတဲ့ကိုလက်စထရော(LDL) ကိုလျော့ကျစေတယ်လို့လေ့လာတွေ့ရှိထားပါတယ်။ ပုစွန်မှာပါတဲ့ပြည့်ဝဆီကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် ကင်တာ၊ ပြုတ်တာ စတဲ့ ဟင်းချက်နည်းတွေကို သုံးကာစားသောက်ပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top