Healthy Life Ad
Health Tips

ကြက်ရိုးစွပ်ပြုတ်၏ ကျန်းမာရေးကောင်းကျိုးများ

စူး (ဆေးဝါးတက္ကသိုလ်)

ကြက်ရိုးစွပ်ပြုတ်သောက်တာကြောင့် အူလမ်းကြောင်းဝေဒနာတွေကို အမြန်အနာကျက်စေပါတယ်။အအေးမိဝေဒနာနဲ့ တုပ်ကွေးတွေကို တွန်းလှန်ပေးနိုင်ပြီး အဆစ်ကိုက်ခဲနာကျင်တာနဲ့ ရောင်ရမ်းမှုဝေဒနာတွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသားအရေ၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေကို တောက်ပစေပြီး အရိုးအဆစ်တွေကို သန်စွမ်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပြီး စိတ်တည်ငြိမ်စေတဲ့ ကြက်ရိုးစွပ်ပြုတ်က ပြုလုပ်ရလွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

(၁) အဆီမပါတဲ့ ကြက်တစ်ကောင်
(၂) ရေရှစ်ဖန်ခွက်
(၃) တရုတ်နံနံ ၄-၆ ပင် (ပါးပါးလှီးဖြတ်ထားပါ)
(၄) ကြက်သွန်နီ တစ်ဥခွဲ၊ ကြက်သွန်ဖြူ သုံးဥ(ပါးပါးလှီးထားပါ)
(၅) ချင်း(ဂျင်း)တစ်လက်မပတ်လည် (ထောင်းထားပါ)
(၆) ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့တစ်ဝက်
(၇) ရှလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့တစ်ဝက်

ချက်ပြုတ်နည်း

ဟင်းအိုးထဲမှာ ပါဝင်ပစ္စည်းအားလုံးထည့်ပြီး အပူရှိန် နည်းနည်းနဲ့ ၈နာရီလောက် ချက်ပြုတ်ပါ။ တစ်ခါသောက်ပြီး ပိုနေတဲ့ကြက်စွပ်ပြုတ်ကို ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းထားပြီးနောက်မှ ပြန်နွှေးပေးကာ သောက်သုံးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top