Healthy Life Ad
Child

ကမ္ဘာပေါ်တွင် အကောင်းဆုံးအစာ

စူး (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာပေါ်မှာ အကောင်းဆုံးအစာက ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းကို သိလိုကြသူ များစွာရှိမှာပါ။

အဲဒီအဖြေရရှိဖို့အတွက် ယေး-ဂရီဖန်ရောဂါကာကွယ်ရေးစင်တာတည်ထောင်သူ ဒေးဗစ်နဲ့အဖွဲ့ဟာ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ကာဗိုဟိုက်ဒရိတ်နည်းနည်းပါတဲ့ အစာ၊ ဟင်းသီးဟင်းရွက်များများပါတဲ့ အစာ၊ သက်သတ်လွတ်အစာနဲ့ ပရိုတင်း (အသား) များများပါတဲ့ အစာတွေကို ဆန်းစစ်လေ့လာခဲ့တဲ့အခါ ဘယ်အစာကမှ ကမ္ဘာ့အကောင်းဆုံးအစာအဖြစ် မသတ်မှတ်နိုင်မှန်း တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအစာတိုင်းမှာ အကောင်းနဲ့ အဆိုးတွဲဖက်ရှိနေလို့ပါတဲ့။

အဲဒီနောက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများပါတဲ့အစာကို ကောက်နှံစာ၊ ပရိုတင်း၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေ တွဲဖက်ပါဝင်တဲ့ အစာကို ကမ္ဘာ့အကောင်းဆုံးအစာအဖြစ် တွေ့ရှိခဲ့ရပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီးမျှတတဲ့ အစာကို စားပေးမှသာလျှင် ကိုယ်အလေးချိန်ကိုလည်း ကျန်းမာရေးနဲ့အညီ ထိန်းပေးနိုင်မှာဖြစ်ပြီး အထွေထွေကျန်းမာရေး ကောင်းမွန်နေမှာ ဖြစ်တယ်လို့ လေ့လာသူဒေးဗစ်က ပညာပေးခဲ့ပါတယ်။

(Ref;WD)

Most Popular

Healthy Life Ad
To Top