Healthy Life Ad
Health Tips

အာဟာရပြည့်ဝသော ကြက်ဥပြုတ် ၊ ဘဲဥပြုတ်

ဇွန်

ကြက်ဥ၊ဘဲဥပြုတ်ရတာ လွယ်လွယ်လေးလို့ ထင်ကောင်းထင်စရာပါ။ နွှာရလွယ်ပြီး အာဟာရပြည့်ဝတဲ့ ကြက်ဥပြုတ်၊ ဘဲဥပြုတ်ဖြစ်စေဖို့ နည်းလမ်းကောင်းတွေ မျှဝေချင်ပါတယ်။

(၁) ဆူပွက်နေသော ရေထဲ ကြက်ဥ ၊ ဘဲဥထည့်ပါ

ရေထဲ ကြက်ဥ၊ဘဲဥထည့်ပြီး ပြုတ်မယ့်အစား ရေကို ဆူပွက်လာအောင် အရင်တည်ပြီးမှ ကြက်ဥ ၊ ဘဲဥထည့်ပါ။

(၂) ဆော်ဒါမှုန့်ထည့်ပါ

ဆော်ဒါမှုန့်က ဈေးလည်းမကြီးသလို ဈေးထဲမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ ကြက်ဥ၊ဘဲဥပြုတ်နေချိန် ရေထဲ ဆော်ဒါမှုန့်တစ်ဇွန်းလောက်ထည့်လိုက်ရင် အခွံနွှာရလွယ်စေပါတယ်။

(၃) အချိန်သတ်မှတ်ပါ

ဆူပွက်နေတဲ့ ရေထဲ ကြက်ဥ၊ဘဲဥထည့်လိုက်တာနဲ့ အချိန်သတ်မှတ်ပါ။ အကြမ်းအားဖြင့် အချိန် ၁၀ မိနစ်လောက်ဆို ကျက်ပါပြီ။

(၄) ဆားရေအေးထဲထည့်ပါ

ဟင်းအိုးကို မီးပိတ်လိုက်ရင် ဒါမှမဟုတ် မီးဖိုပေါ်ကချလိုက်ရင်တောင် ရေပူထဲမှာ ကြက်ဥ၊ဘဲဥတွေ ဆက်ကျက်နေပြီး မာကျောကာ ကပ်သွားတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ဆားခပ်ထားတဲ့ ရေခဲရေဇလုံထဲ ထည့်လိုက်ပါ။ အာဟာရပြည့်ဝတဲ့ ကြက်ဥပြုတ်၊ ဘဲဥပြုတ်ရပါပြီ။

ကြက်ဥပြုတ်၊ ဘဲဥပြုတ်၏ အာဟာရ တန်ဖိုး

ကျက်အောင် ပြုတ်ထားတဲ့ ကြက်ဥပြုတ်၊ ဘဲဥပြုတ်မှာ ၇၇ ကယ်လိုရီပါဝင်ပြီး ပြည့်ဝဆီ ၅ ဂရမ်ပါဝင်ပါတယ်။ ပရိုတင်းဓာတ် ၆ ဂရမ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင်B2၊ ဗီတာမင်B12နဲ့ ဆီလီနီယမ်ဓာတ်တို့ ပါဝင်နေပါတယ်။

(Ref;ID)

Most Popular

Healthy Life Ad
To Top