Healthy Life Ad
International

လူကြီးတစ်ယောက်အရွယ်လျှာနဲ့ မွေးဖွားလာတဲ့ကလေးငယ် ခွဲစိတ်ပြီးနောက် ပြုံးပြနိုင်လာ

မိုးမင်းထွန်း

အမေရိကန်ပြည်ထောင်စုမှ ပိုင်စလေမော်ရစ်ဆင်ဆိုတဲ့ကလေးငယ်ဟာ မွေးကတည်းက လူကြီးအရွယ်အစားရှိ တဲ့လျှာကြီးနဲ့မွေးဖွားလာခဲ့ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် မွေးဖွားပြီးတစ်ပတ်ကြာတဲ့အထိ အ သက်ရှုကိရိယာအကူအညီပေးထားခဲ့ရပါတယ်။

Beckwith Wiedemann Syndrome(BWS)ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကလေး ၁၁၀ဝ၀မွေးတိုင်း တစ်ကြိမ်သာဖြစ်ပွားလေ့ရှိတဲ့ ကြီးထွားလွန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးရဲ့လျှာအရွယ်အစားကြောင့် ဆရာဝန်တွေတောင် အံ့အားသင့်ခဲ့ရပါတယ်။

လျှာရဲ့အစိတ်အပိုင်းချို့ကို ဖြတ်ထုတ်တဲ့ခွဲစိတ်မှုပြုလုပ်ခဲ့ပေမယ့် လျှာကပြန်ကြီးထွားလာကာ ပါးစပ်အရွယ်အစားရဲ့၂ဆကျော်ရှိလာပြီး ပါးစပ်အပြင်ကို အမြဲထုတ်ထားနေရပါတယ်။ခြောက်လသမီးအရွယ်အထိ ပိုက်ကနေတဆင့်အစာကျွေးနေရပါတယ်။

နောက်ထပ်တစ်ကြိမ် ခွဲစိတ်မှုမှာ လျှာရဲ့အစိတ်အပိုင်း၆လက်မကျော်ကိုဖြတ်ထုတ်ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ ကလေးဟာပထမဆုံးအကြိမ်
ပြုံးပြလာနိုင်တာကို တွေ့ရပါတယ်။စကားစပြောဖို့ အသံမျိုးစုံပေးလာနိုင်တာကိုတွေ့ခဲ့ရပြီး လျှာကိုလည်း ပါးစပ်ထဲ ပြန်ထည့်နိုင်ခဲ့ပါတယ်။ဆရာဝန်တွေက လျှာပြန်မကြီးထွားလာဖို့ မျှော်လင့်နေကြပြီး ရောဂါနဲ့ ဆက်စပ်တဲ့ အခြားဆိုးကျိုးတွေရှိမရှိ စစ်ဆေးပေးနေတယ်လို့သိရပါတယ်။

REF:MR

Most Popular

Healthy Life Ad
To Top