Healthy Life Ad
Child

ဆွေမယ်၊လန်းမယ်၊ပွားမယ်

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်
ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

“သားရယ် . . ဟန်းဆက်တွေကလည်း သားမှာ ငါးလုံးတောင် ရှိနေပြီလေ၊ ဘာလို့ နောက်တစ်လုံး ထပ်ဝယ်မှာလဲ”
“မေမေ မသိပါဘူးဗျာ သားကခေတ် လူငယ်လေ၊ ခေတ်နဲ့ အမီလိုက်နိုင်အောင် ဘာဖုန်းဖြစ်ဖြစ် ပေါ်သမျှရှိနေမှ ဖြစ်မှာပေါ့…”
သားထူးမှာ MPT၊ တယ်လီနော၊ အူရီဒူး၊CDMA၊ WCDMA စတဲ့ ဖုန်းကဒ်တွေနဲ့ ဟန်းဆက်တွေ ရှိပြီးသား . .။ အခုနောက်တစ်လုံးအဖြစ် MEC ဖုန်းကတ်နဲ့ ဟန်းဆက်အသစ်ရယ်၊ တခြားဖုန်းတွေအတွက် Note 5နဲ့ iPhone 6 Plus လိုချင်ပြန်သတဲ့။ ဒေါ်မြမေ နားမလည်နိုင်တော့။ တစ်ဦးတည်းသော သားလေးသားထူးဟာ အသက် ၂၅ နှစ်အရွယ် ရောက်တဲ့အထိ ပေါ်သမျှ နည်းပညာ ပစ္စည်းတွေကို ဝယ်ခိုင်းနေကျ . . ။ ငွေအသုံးအဖြုန်းကလည်း ပိုကြီးလာပြီး အပြင်ထွက်တာကလည်းများတော့ မိဘတွေမှာ ရတက်မအေး ဖြစ်နေရတော့တယ်။ ညနေဆိုရင် ဖုန်းတွေ တစ်လုံးပြီးတစ်လုံးဆက်နေတာ ထမင်းစားပင် ခေါ်လို့မရ . .။
“သားရေ ထမင်းစားရအောင်”လို့ ခေါ်လိုက်ရင်-
“မစားသေးဘူး မေမေ . . သားဆွေလိုက်ဦးမယ်”ဆိုတာက တစ်မျိုး၊
“သားရယ် . . ညဉ့်နက်နေပြီ၊ အိပ်တော့”လို့များ ပြောလိုက်ရင်-
“သား လန်းနေတုန်း မေမေရ”ဆိုပြီး ဖုန်းပြောမပျက်၊
မိုးလင်းက ထွက်သွားတာ မိုးချုပ်တဲ့ အထိ ပြန်မလာတော့ အမေက စိတ်ပူလို့ ဖုန်းဆက်ခေါ်ရင်-
“မေမေ ဒါပဲမလား . . သား ဒီဘက်မှာ ပွားနေတာ မအားဘူး”တဲ့။ သားထူးပြောတာတွေကို ဒေါ်မြမေ နားမလည်၊ ဒါပေမဲ့လည်း သားကို စိတ်ချမ်းသာစေချင်တဲ့ မိခင်ပီပီ သားပျော်သလို နေပါစေဆိုပြီး လွှတ်ထားရ တာပါပဲ။
နောက်ပိုင်းကျတော့ သားထူးကို စတိတ်ရှိုးသွားကြည့်တာပဲ၊ ဈေးဝယ်စင်တာတွေမှာ ရှော့ပင်းထွက်တာ ပဲ . . သွားပါစေဆိုပြီး အသာတကြည် လွှတ်ထားလို့မဖြစ်တော့တဲ့ အခြေအနေရောက်လာတယ်။
“သားထူး ရန်ဖြစ်လို့တဲ့ . . ဘာမပြော ညာမပြောနဲ့ သူက တုတ်ဆွဲ ရိုက်ပစ်လိုက်တာ . . ဟိုဘက်ကောင် ခေါင်းကွဲသွားတယ်”တဲ့၊
“မိန်းကလေးကိစ္စလို့ပြောတာပဲ . . သူတစ်ပြန် ကိုယ်တစ်ပြန်ချကြတာ . . ဟိုဘက်က တောင်းပန်မှ ကျေအေးမယ်တဲ့”
တစ်ဖက်သားကို တောင်းပန်ရ၊ မျက်နှာပျက်ရတာများလာတော့ မဖြစ်တော့ဘူးဆိုပြီး သားထူးသွား လေရာကို လူတစ်ယောက်ထည့်ပေးရတော့တယ်။ အဲဒီတော့ သားထူးက “မေမေတို့က သားကို အရမ်းချုပ် ခြယ်တာပဲဗျာ . . သားက ဘာလုပ်နေလို့လဲ”ဆိုပြီး မကျေမနပ်ဖြစ်နေတော့တယ်။ နောက်ပိုင်းမှာလည်း သား ထူးရဲ့ အကျင့်က ပြောင်းလဲမသွားဘဲ ရန်ဖြစ်တာ၊ အော်ဟစ်တာ၊ ဘဝင်မြင့်တာ စတဲ့ အမူအကျင့်တွေက ပိုသိသာလာပြီး ရည်းစားကိုလည်း တစ်ပတ်မှာ တစ်ယောက်လောက်အထိ ထည်လဲတွဲနေခဲ့ပါတယ်။

“မေမေ ဒါပဲမလား . . သား ဒီဘက်မှာ ပွားနေတာ မအားဘူး”တဲ့။ သားထူးပြောတာတွေကို ဒေါ်မြမေနားမ လည်၊ ဒါပေမဲ့လည်း သားကို စိတ်ချမ်းသာစေချင်တဲ့ မိခင်ပီပီ သားပျော်သလို နေပါစေဆိုပြီး လွှတ်ထားရတာ ပါပဲ . . .”

တစ်နေ့ကျတော့ သားထူးရဲ့ ဘကြီးဖြစ်သူက-
“ငါမပြောချင်လို့ ကြည့်နေတာ . . သားထူးကို ကြည့်ရတာ သိပ်ဘဝင်မကျဘူးဟေ့ . . သူ့ကို အရင်က စိတ်ကျန်းမာရေး ဆရာဝန်ဆီမှာ ကုဖူးတယ် မဟုတ်လား၊ အဲဒီတုန်းက ဆေးရုံတင်ပြီးတော့တောင် အကြာကြီး ကုခဲ့ရသေးတာလေ အဲဒါကို အခုနောက်ပိုင်း သေချာလည်းပြန်မပြဘူး၊ဒါကြောင့် သားထူးက အစားအသောက် လည်း ကောင်းကောင်းမစားဘူး၊ ညညဆိုလည်း ကောင်းကောင်း အိပ်ပုံမရဘူး၊ နေ့ဘက်ဆိုရင်လည်း လမ်းပဲ ထွက်နေတာပဲ . . နင်တို့တွေ ဆရာဝန်နဲ့ သေချာပြန်ပြပေးသင့်တယ်ထင်တယ်” ဆိုပြီး သားထူးမိဘတွေကို သတိပေးလာပါတယ်။
“ဟုတ်ကဲ့ပါ အစ်ကိုကြီးရယ် . . ဆရာဝန်နဲ့ သေချာပြန်ပြပါ့မယ်၊ သားလေးက သူငယ်ချင်းအပေါင်းအ သင်းတွေများတာပါ၊ သူက ပျော်ပျော်နေတတ်လို့ပါ . . အပြင်ထွက်တယ်ဆိုတာကလည်း စီးပွားရေးလုပ်ငန်း တစ်ခုခုလုပ်မယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်နေတာပါ”လို့ သားထူးမိခင်ကပြောပြီး ဆရာဝန်နဲ့ မပြဘဲနေ နေခဲ့ပါတယ်။
တစ်ပတ်လောက် အကြာမှာတော့ သားထူးရဲ့ အခြေအနေက ပိုဆိုးလာပြီး သူ့အခန်းထဲမှာ အော်ဟစ် ဆူပူသောင်းကျန်းတာ၊ အိမ်ထဲက ပစ္စည်းအသုံးအဆောင်တွေကို ရိုက်နှက်ဖျက်ဆီးပစ်တာနဲ့ ဒေါသတကြီး အသံ ခြစ်အော်တာတွေကိုပါ လုပ်လာခဲ့ပါတော့တယ်။ အဲဒီအချိန်မှာတော့ သားထူးရဲ့ မိဘနှစ်ပါးဟာ သားထူးကိုခေါ် ပြီး ဆရာ့ဆီကို ရောက်လာခဲ့ပါတော့တယ်။
လူနာရဲ့ မိဘတွေ ပြောပြလို့ သားထူးဟာ အရင်က စိတ်ကြွ၊စိတ်ကျဝေဒနာခံစားခဲ့ရဖူးပြီး ဆေးရုံတက် ကုသကာဆေးတွေကို သောက်သုံးနေရကြောင်း သိခဲ့ပါတယ်။
“နောက်ပိုင်း သားအခြေအနေက သက်သာလာတော့ ကျွန်မတို့လည်း မလိုတော့ဘူးထင်ပြီး ဆေး လည်း ဆက်မတိုက်တော့ဘူး၊ ဆရာဝန်ဆီလည်း ပြန်မသွားဖြစ်တော့ပါဘူး ဆရာ . . ဆေးဖြတ်ပြီး ၃လ လောက်မှာ သားကစပြီး ပြောင်းလဲလာတာ . .အခုဆိုရင် ပိုဆိုးလာတာပါပဲ ဆရာရယ် . .”
တကယ်တော့ အဲဒီအချိန်တုန်းက သူ့ခန္ဓာကိုယ်ထဲမှာ ဆေးအရှိန်ကျန်နေသေးလို့ သက်သာတယ်လို့ ထင်နေတာပါ၊ ဆေးအာနိသင် ကုန်သွားတဲ့အခါ အရင်ဖြစ်ခဲ့တဲ့ စိတ်ကြွ၊ စိတ်ကျရောဂါဝေဒနာ လက္ခဏာတွေ က ပြန်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ သားထူးဟာ ဒေါသကြီးပြီး ပစ္စည်းတွေကို ဖျက်စီးတာ၊ ရည်းစားတွေကို ထည်လဲတွဲတာ၊ အပြင်က ကောင်မလေးတွေနဲ့ တွဲရုံတင်မက ကာရာအိုကေမှာတွေ့တဲ့ ကောင်မလေးတွေ၊အ နှိပ်ခန်းမှာတွေ့တဲ့ ကောင်မလေးတွေပါမကျန် တွဲနေတာကြောင့် မိန်းမကိစ္စမှာ ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ ကြုံလာရပါတော့တယ်။ ဒါနဲ့ သားထူးကို ဆေးရုံတင်ပြီး သွေး၊ ဆီး၊ ဝမ်းစတာတွေကို စစ်ဆေး ရင်း အသေးစိတ် မေးမြန်းစစ်ဆေးကြည့်လိုက်တဲ့အခါ ငယ်ငယ်တုန်းက အကြီးအကျယ်ဖျားပြီး တက်ဖူးတယ်၊ ဦးခေါင်းဒဏ်ရာ လည်း ရဖူးတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒီအခြေအနေတွေက စိတ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေကို ပိုဆိုးသွားအောင် ပံ့ပိုးပေးတေဲ့ အခြေအနေ တွေဖြစ်ပါတယ်။ လောလောဆယ်မှာ အခြေအနေငြိမ်သက်အောင် ထိန်းနိုင်ဖို့ထိုးဆေးထိုးပေးရင်း သွေး၊ ဆီး၊ ဝမ်းအဖြေအရ အစာကို ကောင်းကောင်းမစားတာ၊ ကောင်းကောင်း မအိပ်တာတို့ကြောင့် အားနည်းနေတဲ့အတွက် လိုအပ်တဲ့ အား ဆေး၊ စိတ်ကြွဝေဒနာသက်သာစေမယ့် ဆေးစ တာတွေကိုပေးထားရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Most Popular

Healthy Life Ad
To Top