Healthy Life Ad
International

အနမ်းတစ်ခုသည်မွေးကင်းစကလေးငယ်များအား ရောဂါကူးစက်စေနိုင်သည်

ယူကေနိုင်ငံမှ ကလဲဟန်ဒါဆန်ဆိုသော အမျိုးသမီးက ဧည့်သည်တစ်ယောက်၏ ရိုးရိုးအနမ်းတစ်ခုကြောင့် သူ၏ မွေးကင်းစကလေးငယ်အား ရေယုန် ဗိုင်းရပ်စ်(HSV1)ကူးစက်ခံခဲ့ရကြောင်း သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားပြီး သူ့သမီးငယ် ဘရုခ်၏ ရေယုန်နာများ ပေါက်နေသော ဓာတ်ပုံများကိုလည်း တွဲဖက်၍ တင်ခဲ့သည်။

တစ်လသမီးအရွယ် ဘရုခ်ကဲ့သို့ မွေးကင်းစ ကလေးငယ်များသည် နား၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်နှင့် သက်ဆိုင်သည့် ကူးစက်ရောဂါများစွာအပြင် ကိုယ်ခံစွမ်းအားစနစ် အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်ချိန် ပုံမမှန်ခဲ့ခြင်းကြောင့်လည်းကောင်း HSV1 ဗိုင်းရပ်စ်ကဲ့သို့သော ရှားပါးကူးစက်ရောဂါများကို အလွယ်တကူ ရရှိနိုင်ကြောင်း ကလဲက ရှင်းပြခဲ့သည်။

မွေးကင်းစ ကလေးများသည် ကန်ဒီဒါမျိုးနွယ်စုဝင် မှို(Candida Species)မှတစ်ဆင့် ရရှိသော ရောဂါများကို အလွယ်တကူ ကူးစက်ခံရနိုင်ပါသည်။ မွေးကင်းစကလေးရောဂါ ကူးစက်မှုဆိုင်ရာ အဖွဲ့အစည်းကြီး၏ ၂၀၁၃ ခုနစ်လေ့လာမှုအရ ကလေးငယ် စောင့်ရှောက်မှုဂေဟာတွင်ရှိသော ကလေးဦးရေ ၁၈၉၀ ဦးအနက် ၇၈ ဦး (၄ ရာခိုင်နှုန်းခန့်)သည် မှိုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ရရှိနေပါသည်။ အခြားရောဂါများကြောင့် မွေးကင်းစ ကလေးငယ်သေဆုံးနှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် မှိုကူးစက်မှုကြောင့်ဖြစ်ရသော ရောဂါများကြောင့် သေဆုံးနှုန်းမှာ ၁၈ ရာခိုင်နှုန်းအထိ ရှိ နေပါသည်။

“လူဦးရေ ၈၅ ရာခိုင်နှုန်းလောက်က HSV1 ဗိုင်းရပ်စ်ကို သယ်ဆောင်ထားကြပါတယ်”လို့ ကလဲက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။၂၀ဝ၆ JAMAလေ့လာမှုအရ အမေရိကန်နိုင် ငံတွင် လူဦးရေ ၅၅ ရာခိုင်နှုန်းသည် HSV1 ဗိုင်းရပ်စ်ကို သယ်ဆောင်ထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ ရာခိုင်နှုန်းပိုများနိုင်ကြောင်း ခန့်မှန်းထားသည်။ ကလဲ၏သမီးငယ်လေးသည် ဆေးရုံတွင် ငါးရက်တာ ဆေးကုသမှုခံယူပြီး သက်သာရာရခဲ့သော်လည်း ကလဲကတော့ မွေးကင်းစကလေးများအား နမ်းရှုံ့ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

Most Popular

Healthy Life Ad
To Top