Healthy Life Ad
Local

ဆရာဝန် ၁၀ဝ ဦးကို အသည်းရောဂါ ကုသမှုဆိုင်ရာ နောက်ဆုံးပေါ် ပညာရပ်များ သင်ပေးရန် စီစဉ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့် ပြုချက်ဖြင့် မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းက ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင်းမှ ဆရာဝန် ၁၀ဝ ဦးအား အသည်းရောဂါ ကုသမှုဆိုင်ရာ နောက်ဆုံးပေါ် နည်းစနစ်များကို ၂၀၁၆ အောက် တိုဘာလတွင် သင်ပေးရန် စီစဉ်လျက်ရှိကြောင်း အသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာ ဒေါ်ခင်ပြုံးကြည်က  Healthy Life ဂျာနယ် သို့ ပြောကြားခဲ့သည်။

“ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆရာဝန် ၁၀ဝဦးကို နိုင်ငံခြားက ပညာရှင်တွေက လာရောက်ပြီး အသည်းရောဂါ ကုသမှု ဆိုင်ရာနောက်ဆုံးပေါ်နည်းစနစ်တွေ သင်ပေးသွားဖို့ စီစဉ်နေပါတယ်။ နိုင်ငံခြားက ပညာရှင် ငါးဦး၊ အသည်းဖောင်ဒေးရှင်းက သုံးဦး စုစုပေါင်း ရှစ်ဦးက နှစ်ရက်တာ သင်တန်း ပေးသွားမှာပါ။ ဆရာဝန် ၁၀ဝ မှာ ဂျီပီဆရာဝန်တွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဆရာဝန်တွေနဲ့ သုတေသနဆရာဝန်တွေစသဖြင့် နယ်ပယ်စုံက ဆရာဝန်တွေပါဝင်မှာဖြစ်ပြီး ရန်ကုန်မှာ သင်တန်းပေးသွားမှာ ဖြစ်ပါတ ယ်”  ဟု ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်တွင် အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးရှိနေပြီး ဘီပိုး ရှိသူ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီပိုးရှိသူ ၂ ဒသမ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top