Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်တွင် အယ်လ်ကာလီဆန်သော အနေအထား ဖြစ်စေရန်

သင့်ခန္ဓာကိုယ်က အယ်လ်ကာလီ အ နေအထား ဖြစ်နေတဲ့အခါ နာတာရှည် ရောဂါဝေဒနာ ခံစားရနိုင်ခြေ နည်းပါ တယ်။ သင် နေ့စဉ် နေ့တိုင်း စားနေတဲ့ အစားအသောက်တွေက သင့်ခန္ဓာကိုယ် ထဲက အက်စစ်နဲ့ အယ်လ်ကာလီမျှခြေ အပေါ် သက်ရောက်မှုရှိပါတယ်။ ခန္ဓာ ကိုယ်ကို အယ်လ်ကာလီဆန်တဲ့ အနေအ ထားဖြစ်စေတဲ့ အစာတွေကို ရွေးချယ် စားသုံးမယ်ဆိုရင် ကိုယ်အလေးချိ်န်ကို ထိန်းပေးနိုင်သလို အဆစ်ရောင်နာနဲ့ ကင်ဆာလို ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါ တယ်။

သင့်ခန္ဓာကိုယ်က အက်စစ်ဆန်တဲ့ အနေအထား ဖြစ်နေရင် နှာရည်ယိုတာ၊ နုံးချည့်ညောင်းညာတာ၊ အရေပြားမှာ အဖုအပိမ့်ပေါက်တာ၊ ဝမ်းပျက်လိုက် ဝမ်း ချုပ်လိုက် တစ်လှည့်စီဖြစ်တာ စတာတွေ ခံစားရတတ်ပါတယ်။ အယ်လ်ကာလိုင်းမျှ ခြေဖြစ်နေတဲ့အခါ ဒီလက္ခဏာတွေ ကင်း ဝေးပြီး နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် အသားအ ရေလည်း ကြည်လင်ကာ စွမ်းအင်တွေပို ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာ ကိုယ်က အယ်လ်ကာလိုင်း အနေအထား ဖြစ်နေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း တွေကို အကြံပြုပါရစေ။

(၁) တစ်နေ့တာလုံး သင်သောက်မယ့် ရေကရားထဲကို သံပယိုသီးစိတ်ထည့်ထား ပြီး ရေဆာတိုင်း အမြဲသောက်ပေးပါ။

(၂) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများ စားပေးပါ။ သခွားသီး၊ သံပယို သီး၊ ဖရဲသီး စတဲ့ အစိမ်းရောင် အသီးအနှံ တွေနဲ့ အစိမ်းရောင် ဖျော်ရည်တွေက အယ်လ်ကာလိုင်း အနေအထား ဖြစ်စေ တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ တရုတ်နံနံ၊ ဥနီ၊ စွန်ပလွံသီး၊ ကြက်သွန် ဖြူ၊ ငရုတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ ပွင့်၊ မုန်လာဥနီ၊ ငှက်ပျောသီးနဲ့ ခရမ်းချဉ် သီးတွေကလည်း အယ်လ်ကာလိုင်း ဖြစ် စေတဲ့ အစာတွေ ဖြစ်ပါတယ်။

(၃) အရက်ကို မသောက်ပါနဲ့။ မသောက် ရမနေနိုင်လို့ သောက်ရင် ပမာဏ နည်း နည်းပဲ သောက်ပါ။

(၄) နို့နဲ့ နို့ထွက်ပစ္စည်း မှီဝဲတဲ့အခါ အ လွန်အမင်း အပူပေး ပိုးသတ်ထားတဲ့ အ မျိုးအစားတွေကို တတ်နိုင်သမျှ လျှော့ သောက်ပါ။

(၅) သကြား၊ တာရှည်ခံအောင် ပြုပြင် ထားတဲ့ အစာနဲ့ ဆားတွေကို တတ်နိုင်သ မျှ လျှော့စားပါ။

(၆) အသားကို တတ်နိုင်မျှ လျှော့စားပါ။ ပြုပြင်ထားတဲ့ အသားတွေကို လုံးဝ မစား ပါနဲ့။

(၇) တစ်နေ့ အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း လုပ်ဆောင်ပေးပါ။

(၈) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။

(၉) အပြင်းအထန် လေ့ကျင့်ခန်းလုပ်တာ ကို ရှောင်ပါ ဒါမှမဟုတ် အချိန်ကြာကြာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။

(၁၀) သက်သတ်လွတ်စားတာကြောင့် ခန္ဓာကိုယ်ကို အယ်လ်ကာလီ ဆန်တဲ့ အ နေအထား ဖြစ်စေပြီး ဆီးကျောက်တည် တာ ကင်းစေကာ အရိုးနဲ့ ကြွက်သားတွေ ကို သန်စွမ်းစေပါတယ်၊ ဒါ့အပြင် နှလုံးနဲ့ ဦးနှောက် ကျန်းမာစေပြီး အူမကြီးကင် ဆာနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။

စူး (ဆေးဝါးတက္ကသိုလ်)

Most Popular

Healthy Life Ad
To Top