Healthy Life Ad
Child

သင့်ကလေးကို သင်ပြပေးသင့်သော လက်သန့်စင်စေရန် ဆေးကြောနည်း

လက်တွေဟာ သင့်တစ်ကိုယ်လုံးမှာ အညစ်ပတ်လွယ်ဆုံး အစိတ်အပိုင်းပါ။ အဲဒီညစ်ပတ်နေတဲ့ လက်တွေကတစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း သိသိသာသာ မြင့်မားတာကြောင့် ကလေး ငယ်တွေကို ငယ်စဉ်ကတည်းက လက်တွေ သန့်ရှင်းစင်ကြယ်နေအောင် ဆေးကြောတတ်ဖို့ စနစ်တကျ သင်ပေးထားသင့်ပါတယ်။

hand1
(၁) လက်ကို စိုစွတ်အောင် အရင်ဆုံး ရေဆွတ်ပါ။

hand2
(၂) ဆပ်ပြာရည်ယူပါ။

hand3
(၃) စက္ကန့် ၂၀ ကြာ လက်ချောင်း၊ လက်သည်းအောက်နဲ့ လက်ဖမိုး တွေပါမကျန် သေချာပွတ်တိုက်ပါ။

hand4
(၄) ၁၀ စက္ကန့်ကြာ ရေနဲ့ ဆေးကြောပါ။

hand5
(၅) လက်တွေကို ခြောက်သွေ့အောင် သုတ်ပေးပါ။

hand6
(၆) ဘုံပိုင်ခေါင်းကို ကျပ်နေအောင် ပိတ်ပါ။

လက်ဆေးဖို့ မမေ့ပါနဲ့။
သင့်လက်ချောင်းတွေကြား၊လက်သည်းအောက်နဲ့လက်ဖမိုး စတဲ့ နေရာတွေပါ သန့်စင်သွားအောင် ဆေးကြောဖို့ မမေ့ပါနဲ့။

Most Popular

Healthy Life Ad
To Top