Healthy Life Ad
Health Tips

ဥပုသ်စောင့်ခြင်းကြောင့် ရရှိသော ကျန်းမာရေးအကျိုးကျေးဇူးများ

ကျွန်မတို့ မြန်မာလူမျိုးအများစုဟာ ဝါ တွင်းကာလမှာ ဖြစ်ဖြစ်၊ ဥပုသ်နေ့တွေမှာ ဖြစ်ဖြစ်၊ တရားစခန်းဝင်ပြီး ဝိပဿနာတရား အားထုတ်ရာမှာဖြစ်ဖြစ် ဥပုသ်စောင့်လေ့ရှိကြပါတယ်။ အဲဒီလို ဥပုသ်စောင့်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ဥပုသ်စောင့်တာကြောင့် အစာခြေလမ်း ကြောင်းစနစ်ကို အနားရသွားစေပါတယ်။

အစားအသောက် မစားရမနေနိုင်ဘဲ စွဲလမ်းစိတ်ကို အတန်အသင့် အနိုင်ယူနိုင်စေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ရွေးချယ် စားဖြစ်စေပါတယ်။

အင်ဆူလင်ရဲ့ ခုခံနိုင်စွမ်းအားကို ပုံမှန် ဖြစ်စေပါတယ်။

မကြာခဏ ဆာလောင်စိတ် ဖြစ်ပေါ်တာကို လျော့ပါးသက်သာစေပါတယ်။

ခန္ဓာကိုယ်ရဲ့ အဆိပ်ချေဖျက်တဲ့ ဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။

မျက်စိကို ကြည်လင်စေပြီး အသားအရေကို တောက်ပသွားစေပါတယ်။

သွေးတိုးတာကို လျော့ပါးသက်သာစေပြီး သွေးဖိအားကို ပုံမှန် ဖြစ်နေအောင် ထိန်းညှိပေးပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

စူး (ဆေးဝါးတက္ကသိုလ်)

Most Popular

Healthy Life Ad
To Top